မိသားစုဝင် (၄)ဦးကိုလည်း ကွာရန်တင်းထားထားပါတယ်။

လူနာအမှတ် (၅၉၉) က အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

 သြဂုတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်မှာ ပါတဲ့ လူနာအမှတ် (၅၉၉) မှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဝန်ထမ်းတချို့ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ ဟုတ်ပါတယ်။ ထီလက်မှတ်တွေထားရှိတဲ့ ဂိုဒေါင်ကဝန်ထမ်းပါ။ အဲဒီမှာတာဝန်ကျတဲ့ဝန်ထမ်းပေါ့။သူနဲ့ထိတွေ့ထားသူတွေကိုလည်း ကွာရန်တင်းထားရှိထားပါတယ်”လို့ ပြည်တွင်းအခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က Duwun ကို ပြောပါတယ်။

လူနာနံပတ် (၅၉၉)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ာ ပိုးတွေ့လူနာအဖြစ်ပါရှိခဲ့တာပါ။ သူနဲ့ထိတွေ့ထားတဲ့ အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်း ၂၀ ကျော်ကို ကွာရန်တင်းထားရှိကာ ရုံးအတွင်းအားလုံးပိုးသတ်ဆေးဖြန်းပြီး ရုံးလုပ်ငန်းတွေကို ပုံမှန်လည်ပတ်နေတာဖြစ်ပါတယ်။ ပိုးတွေ့လူနာက ဂိုဒေါင်မှာ တာဝန်ထမ်းဆောင်တဲ့သူဖြစ်တာကြောင့် ရုံးဝန်ထမ်းအားလုံးအတွက်လည်း ဘာမှစိုးရိမ်စရာမရှိဘူးလို့ ဦးမင်းထွဋ်က ပြောပါတယ်။

လူနာနံပတ် (၅၉၉)က ဝန်ထမ်းအိမ်ယာမှာနေထိုင်တာဖြစ်ပြီး အတူနေထိုင်တဲ့ မိသားစုဝင် (၄)ဦးကိုလည်း ရွှေပြည်သာ ကွန်ပျူတာတက္ကသိုလ် ကွာရန်တင်းစင်တာကိုပို့ဆောင်ထားတာဖြစ်ပါတယ်။


Share

Loading Next Article...
က္က