ဝီလီယံကို အလွတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

အာဆင်နယ်က ဝီလီယံရဲ့အေးဂျင့်ဂျော်ရတ်ချီယန်ကို ဆက်သွယ်ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဂျော်ရတ်ချီယန်ကလည်း အာဆင်နယ်အပေါ် စိတ်ဝင်စားမှုရှိနေတယ်လို့ ဆိုပါတယ်။ 


အာဆင်နယ်အသင်းဟာ အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ တိုက်စစ်မှူးအော်ဘာမီယန်နေရာမှာ အစားထိုးဖို့ ချယ်လ်ဆီးတောင်ပံကစားသမားဝီလီယံကို ကမ်းလှမ်းခဲ့တယ်လို့ Mirror ကဖော်ပြခဲ့ပါတယ်။ ဝီလီယံဟာ နွေရာသီမှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ရရှိနိုင်မယ့်ကစားသမားလည်းဖြစ်ပါတယ်။ 

အော်ဘာမီယန်ကလည်း လာမယ့်နွေရာသီမှာ သူနဲ့အသင်းကြားစာချုပ်က နောက်ဆုံးနှစ်အတွင်းရောက်ရှိတော့မှာဖြစ်ပါတယ်။ အာဆင်နယ်က စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကြိုးစားနေပေမယ့် ကစားသမားကတော့ အသင်းရဲ့အောင်မြင်မှုမရရှိတဲ့အပေါ်မှာ စိတ်ပျက်နေပြီး အောင်မြင်မှုရရှိနိုင်မယ့် အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ချင်နေလို့ အာဆင်နယ်က စာချုပ်သက်တမ်းမကုန်ခင်မှာ ရောင်းချဖို့ကြိုးစားရမှာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ဂါဘွန်တိုက်စစ်မှူးဟာ အသင်းမှာတစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထ်ိ ရရှိချင်နေတယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆင်နယ်အတွက်က ဘဏ္ဍာရေးအခက်အခဲအနည်းငယ်ရှိနေလို့ မဖြစ်နိုင်တဲ့အနေအထားကိုရောက်နေခဲ့ပါတယ်။ ဒါကြောင့် ကစားသမားကို အလွတ်ထွက်ခွာခွင့်ပေးရမယ့် အခြေအနေကို ရှောင်ရှားဖို့ အာဆင်နယ်ကရောင်းချရတော့မှာပါ။ 

ဝီလီယံအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုပါက ချယ်လ်ဆီးမှာ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခပေါင်တစ်သိန်းနှစ်သောင်းထက် လျှော့ယူရဖွယ်ရှိနေပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဝီလီယံရဲ့အေးဂျင့်ဂျော်ရတ်ချီယန်ကို ဆက်သွယ်ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဂျော်ရတ်ချီယန်ကလည်း အာဆင်နယ်အပေါ် စိတ်ဝင်စားမှုရှိနေတယ်လို့ ဆိုပါတယ်။ 

ဂျော်ရတ်ချီယန်ဟာ အာဆင်နယ်ကစားသမားဟောင်းအီဒူးရဲ့ ကိုယ်စားလှယ်ဖြစ်သလို ဒေးဗစ်လုဇ် နဲ့ ဆီဒရစ်ဆွားစ်တို့ကို အာဆင်နယ်အသင်းဆီ ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဝီလီယံကို လီဗာပူးလ်ကလည်း စိတ်ဝင်စားနေပြီး ဆွေးနွေးနေတယ်လို့ သိရပေမယ့် ကစားသမားအနေနဲ့ ပုံမှန်ကစားခွင့်ပိုမိုရရှိနိုင်မယ့် အာဆင်နယ်ကို ရွေးချယ်နိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ 

Share

Loading Next Article...
က္က