ဇာခါရဲ့အပြုအမူကို အာဆင်နယ်ပရိသတ်အများစုက ဝေဖန်ခဲ့ကြတာပါ။

လူစားလဲခံခဲ့ရခြင်းအပေါ် ဒေါသအလျောက်တုံ့ပြန်ခဲ့တဲ့ ဇာခါရဲ့ အပြုအမူကို ဝေဖန်မှုတွေရှိနေခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရခြင်းအတွက် ဒေါသအလျောက်တုံ့ပြန်ခဲ့တဲ့ အသင်းခေါင်းဆောင်ဇာခါကို နောက်ခံလူဘယ်လာရင်က ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး လူသားဆန်တဲ့အပြုအမူတစ်ခုဖြစ်တယ်လို့ မှ တ်ချက်ပြုပြောဆိုလိုက်ပါတယ်။

အသင်းအတွက်နိုင်ပွဲလိုအပ်နေချိန်တွင် ပေးဆပ်ကစားလိုစိတ်အပြည့်ရှိနေခဲ့ပေမယ့် လူငယ်ကစားဆာကာနဲ့လူ စားလဲဖို့ဆုံးဖြတ်ခဲ့တဲ့ နည်းပြအမ်မရီရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီးပြုမူခဲ့တဲ့ ဇာခါအနေနဲ့ ဂျာစီအကျီကိုလွှင့် ပစ်တဲ့အထိ ပေါက်ကွဲဒေါသထွက်ခဲ့တာပါ။



“ အပြုအမူအတွက် အများစုက မှားတယ်လို့ယူဆပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ဆိုရင်လည်း ဇာခါလိုပဲပြုမူမိမှာပါ။ လူသားဖြစ်တဲ့အတွက် လူသားဆန်တဲ့ အမှားတွေ၊ တုံ့ပြန်မှုတွေဆိုတာရှိစမြဲပါပဲ။ လူသားတိုင်းမှာ တဒင်္ဂစိတ်တုံ့ ပြန်မှုဆိုတာရှိပါတယ် ” လို့ ဘယ်လာရင်ရဲ့ မှတ်ချက်ပြုမှုကို dailymail ကဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရတဲ့အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိဖို့အတွက်အခွင့်  ကောင်းတစ်ရပ်ရရှိခဲ့ပေမယ့် နောက်တန်းလိုအပ်ချက်များကြောင့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတဲ့အတွက် ပရိ သတ်အများစုရဲ့ ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းတွေအရ အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ရလဒ်ပိုင်းရော စည်းလုံးမှုအခြေအနေပါ ပျက်ယွင်းနေတဲ့ အသင်းအခြေအနေကြောင့် နည်းပြယူနိုင်းအမ်မရီနဲ့လမ်းခွဲရန် ပြင်ဆင်နေတဲ့အပြင် နည်းပြအ သစ်ရှာဖွေမှုများပြုလုပ်နေပြီဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က