သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လီဗာပူးနဲ့ ဆဲဘတ်တို့ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းအပြီး ဆဲဘတ်နည်းပြရဲ့အဝတ်လဲခန်းအတွင်း အသင်းသားတွေကို ညွှန်ကြားမှုတွေ ပြုလုပ်နေတဲ့ ဗီဒီယိုထွက်ပေါ်လာခဲ့ပြီးနောက် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းကသာ အလားတူ ဗီဒီယိုမျိုးသာ ထုတ်လွှင့်ခဲ့ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယာဂင်ကလော့ပ်ဟာ ယနေ့ညမှာ ကစားရမယ့် လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးအသင်းဟာ သြစတြီးယားအသင်းဖြစ်တဲ့ ဆဲဘတ်ကို ၄ ဂိုး ၃ ဂိုး နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ယာဂင်ကလော့ပ်ဟာ အစောပိုင်းက ပုံမှန်အတိုင်း ပြောဆိုနေခဲ့ပေမယ့် သတင်းထောက်တွေက ဂျက်စီမာ့ရှ်ရဲ့ ပထမပိုင်းအပြီး အသင်းသားတွေကို ညွှန်ကြားနေတဲ့ဗီဒီယိုဖိုင်အကြောင်း မေးမြန်းခဲ့ချိန်မှာတော့ ချက်ချင်းပဲ စိတ်ဆိုးသွားခဲ့တယ်လို့ သိရပါတယ်။

ဆဲဘတ်နည်းပြဂျက်စီမာ့ရှ်ဟာ ၎င်းရဲ့အသင်းသားတွေကို လီဗာပူးအသင်းကို ကြောက်ရွံ့မနေဘဲ တွန်းတွန်းတိုက်တိုက်ကစားဖို့ ပြောဆိုနေခဲ့တာဖြစ်ပြီး ဗန်ဒိုက်ကို ပစ်မှတ်ထားပြီး အညှာအတာကင်းမဲ့စွာ ကစားဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ဟာ ယင်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး မှတ်ချက်ချဖို့ကို ငြင်းပယ်ခဲ့ပေမယ့် အန်းဖီးအဝတ်လဲခန်းအတွင်းမှာ ဆဲဘတ်နည်းပြနဲ့ အလားတူ ဗီဒီယိုရိုက်မယ်ဆိုရင်တော့ ရာထူးကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“တကယ်လို့ LFCTV ကသာ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ကို ဗီဒီယိုရိုက်ပြီး ထုတ်လွှင့်မယ်ဆို အသင်းကို စွန့်ခွာမှာပါ”

“ဒါက အမှန်တရားပဲ။ ကျွန်တော် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်တာ ဒါအကုန်ပဲ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က