ပွဲကို သတ်ပစ်နိုင်ဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာပါ။

ဒီဂီယာက သူတို့အနေနဲ့ အမှတ်ပေးဇယား အဆင့် (၄)အတွင်း ဝင်ရောက်နိုင်ဖို့အတွက် ပွဲကိုအကောင်းဆုံးအဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်ဂိုးသမားဒီဂီယာက သူတို့အသင်းအနေနဲ့ ပွဲကိုအဆုံးသတ်နိုင်ဖို့အတွက် အားထုတ်ဖို့ လိုအပ်နေပြီလို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒီဂီယာက သူတို့အနေနဲ့ အမှတ်ပေးဇယား အဆင့် (၄)အတွင်း ဝင်ရောက်နိုင်ဖို့အတွက် ပွဲကိုအကောင်းဆုံးအဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ မနေ့ကကစားခဲ့တဲ့ပွဲမှာ တော်မီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အော်ဘာမီယန်ရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီဂီယာအနေနဲ့လည်း အာဆင်နယ်တိုက်စစ်ပိုင်းရဲ့ ခြိမ်းခြောက်မှုတချို့ကို ခက်ခက်ခဲခဲကာကွယ်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဒီဂီယာက အသင်းဖော်တွေကို အခုလိုပဲ သတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

"အိမ်ကွင်းမှာ အမြဲတမ်းသရေတွေကျမယ် ဒါမှမဟုတ် ရှုံးနေမယ်ဆိုရင်တော့ ရမှတ်တွေကို အဝေးဆီလွှင့်ပစ်နေတာပါပဲ၊ ဒီပွဲမှာ အသင်းက ဟန်ချက်ညီခဲ့ပါတယ်၊ နှစ်သင်းစလုံး အကောင်းဆုံးအခွင့်အရေးတွေရရှိခဲ့တာပါ၊ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ထိုက်တန်တယ်လို့ ထင်မိပါတယ်၊ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ ဒီလိုပွဲတွေကို အနိုင်ကစားထားရမှာပါ၊ ဒီအတွက် ကျွန်တော်တို့ တိုးတက်လာဖို့ အာရုံစိုက်ရပါတော့မယ်"

"တော်မီနေးရဲ့ သွင်းဂိုးက တကယ်ကိုကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ယူသင့်ပါတယ်၊ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲရဖို့အတွက် ပွဲကိုသတ်ပစ်ရမှာပါ၊ အော်ဘာမီယန်ဂိုးသွင်းပြီးနောက် နှစ်သင်းစလုံးကစားပုံပိုကောင်းလာခဲ့ပါတယ်၊ ကျွန်တော်တို့ ဒုတိယဂိုးရရှိဖို့ ထိုက်တန်ခဲ့ပါတယ်" လို့ ဒီဂီယာကပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က