၂၀၂၃ ခုနှစ်ရဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အဲအေးရှား လေကြောင်းလိုင်းမိသားစုဝင်တွေက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားမှာ ဆီမီးတစ်ထောင် ကပ်လှုူပူဇော်ခဲ့ကြပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ သီတင်းကျွတ်ကာလအခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာစေဖို့ လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆီမီးတစ်ထောင် ကပ်လှုူပူဇော်ပွဲမှာတော့ ခရီးသွား ဘလော့ဂါ Su Wai Go နဲ့ Luke တို့ကလည်း အဲအေးရှားနဲ့အတူ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။
အဲအေးရှားလေကြောင်းလိုင်းရဲ့ ဝါကျွတ်ကာလ အထူးပရိုမိုးရှင်း အစီအစဉ်အဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တစ်လလုံး ရန်ကုန်မှဘန်ကောက်သို့ ခရီးစဉ်တစ်ကြောင်းကို အထူးသက်သာတဲ့ နှုန်းထား အမေရိကန်ဒေါ်လာ ၄၇ ၊ အမေရိကန်ဒေါ်လာ ၅၇ (ခရီးဆောင်အိတ် ၂၀ ကီလို အပါအဝင်) နဲ့သာ ပျံသန်းပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိတွင် အဲအေးရှားကတော့ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို တစ်နေ့ ၂ ကြိမ် ပျံသန်းပြေးဆွဲပေးလျက်ရှိပါတယ်။
ဂုဏ်သိက္ခာကြီးမားလှတဲ့ Skytrax အဖွဲ့အစည်းက ပေးအပ်သော ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်းအဖြစ် ၁၄ နှစ်ဆက်တိုက် အသိအမှတ်ပြု ရွေးချယ်ခံထားရတဲ့ အဲအေးရှား လေကြောင်းလိုင်းဟာတော့
- ရန်ကုန်၊ မန္တလေး မှ ထိုင်းနိုင်ငံ ဘန်ကောက်
- ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့
တိုက်ရိုက်ပျံသန်းပြေးဆွဲပေးနေတဲ့အပြင် ဘန်ကောက်နဲ့ ကွာလာလမ်ပူကတဆင့် ခရီးစဉ်ပေါင်း (၁၃၀)ကျော် ပျံသန်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
#AirAsiaMyanmar #AirAsialightingfestival #FlywithAirAsia