အာဆင်နယ်ကို အနိုင်ဂိုးသွင်းယူအပြီး ‌‌အောင်ပွဲခံဟန်ဖြစ်ပါတယ်။

အေဘရာဟင်ရဲ့ အောင်ပွဲခံဟန်က ဒရော့ဘာရဲ့ အောင်ပွဲခံဟန်နဲ့ ဆင်တူနေခဲ့တာကြောင့် ဘောလုံးပရိသတ် တွေ(အထူးသဖြင့်-ချဲလ်ဆီးပရိသတ်တွေ)က ဒရော့ဘာကို ပြန်အမှတ်ရခဲ့ကြတာပါ။

အာဆင်နယ်ကို အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ အောင်ပွဲခံဟန်က တစ်ချိန်က အသင်းရဲ့ ဂန္တဝင်ကစားသမားလို့ ဆိုရမယ့် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာရဲ့ အောင်ပွဲခံဟန်နဲ့ ဆင်တူခဲ့လို့အေဘရာဟင်ရဲ့ အောင်ပွဲခံဟန်က လူပြော များခဲ့ပါတယ်။





အခုလို လူပြောများတဲ့ အထဲမှာ တိုက်စစ်မှူးဟောင်းကြီး ဒရော့ဘာကိုယ်တိုင်ပါဝင်ခဲ့ပြီး အဲ့ဒီတုန်းက အေဘရာဟင်ရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သက်ပြီး ဒရော့ဘာက သူ့ရဲ့ တွစ်တာအကောင့်မှာ အခုလိုပဲ ရေးသားဖော်ပြခဲ့ပါတယ်။


“တကယ်ကိုဘောလုံးပြန်ကစားချင်လောက်အောင်ကို ကြက်သီးမွှေးထခဲ့ရပါတယ်၊အေဘရာဟင်ရဲ့ အောင်ပွဲခံဟန်နဲ့အတူ အမြန်ဆုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါတော့ အပြာရောင်တွေ” လို့ ဒရော့ဘာက ရေးသားဖော်ပြလာတာပါ။

အကြောင်းကတော့ ဒရော့ဘာအနေနဲ့ တစ်ချိန်တုန်းက ချဲလ်ဆီးကစားသမား ဘဝမှာလည်း အာဆင်နယ်အသင်း ဖက်ကို အနိုင်ဂိုးသွင်းပြီး အခုလို အောင်ပွဲခံခဲ့ဖူးလို့ သူတို့နှစ်ဦးရဲ့ တိုက်ဆိုင်မှုက တော်တော်လေးကို ထူးခြားနေခဲ့ တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က