အဲဗာတန်ကို သရေကျသွားလို့ အဆင့် ၂ နေရာကို ရောက်သွားခဲ့ရပါတယ်။

လက်ကျန် ၉ ပွဲစလုံးကို တစ်ပွဲချင်းစီ အာရုံစိုက်ကစားသွားဖို့လိုပြီး ထိပ်ဆုံးက ပြေးနေတဲ့ မန်စီးတီးကသာ ဖိအားရှိသွားတာလို့ ရော်ဘတ်ဆန်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ အဲဗာတန်ကို သရေကျလို့ အဆင့် (၁)နေရာကနေ အဆင့်(၂) နေရာကို ဆင်းသက် ပေးခဲ့ရပေမယ့်လည်း ဖိအားကတော့ မန်စီးတီးအသင်းမှာသာ ဆက်ရှိနေသေးတယိလု့ိ လိဗာပူး နောက်ခံလူ ရော်ဘတ်ဆန်က ပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ ၁၉၉၀ နောက်ပိုင်း ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို ရယူနိုင်ခြင်းမရှိထားပဲ ဒီနှစ်မှာ တော့ ပွဲစဉ် ၂၈ အထိ အမှတ်ပေးဇယားကို ဦးဆောင်ထားနေရာမှ သရေပွဲကြောင့် အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရတာပါ။

“ အခု ကျွန်တော်တို့က နောက်က ပြန်လိုက်မယ့်သူတွေပါ၊ ဒါကြောင့် ရှေ့က သွားနေတဲ့ မန်စီးတီးကသာ ဖိအားရှိသွားပါပြီ။” လို့ ရော်ဘတ်ဆန်က BBC သတင်းဌာနကို ပြောသွားတာပါ။

လက်ကျန် ၉ ပွဲ ရှိသေးတဲ့ အနေအထားမှာ လီဗာပူးအသင်းအနေနဲ့ တစ်ပွဲချင်းစီ အာရုံစိုက်ထားဖို့ လိုအပ်ပြီး နောက်ဆုံးအချိန်ထိ ကြိုးပမ်းသွားမယ်လို့လည်း ရော်ဘတ်ဆန်က ပြောခဲ့ပါသေးတယ်။ လီဗာပူးအသင်းအနေနဲ့ နောက်ဆုံး ကစားထားတဲ့ လိဂ်(၅)ပွဲမှာ ၂ ပွဲသာ နိုင်ထားပြီး လာမယ့် အပတ်မှာတော့ ဘန်လေအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

Share

Loading Next Article...
က္က