တစ်ရက်ကို စီးနင်းသူ ၇၀၀ ကျော်သာရှိပါတယ်။

မေလဆန်းပိုင်းကစပြီး ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ မြို့ပေါင်း ၂၀ ကျော်ကို အဝေးပြေးယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီလို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

မေလ ၇ ရက်နေ့လောက်ကစတင်ပြေးဆွဲခဲ့ရာမှာ တစ်နေ့ကို ယာဉ်လိုင်းပေါင်း ၃၀ ကျော်က ယာဉ်အစီးရေ ၇၀ ကျော်နဲ့ ပြေးဆွဲနေပြီး စီးနင်သူဦးရေဟာ တစ်ရက်ကို ၇၀၀ ကျော်ခန့်သာရှိတယ်လို့ YRTA အတွင်းရေးမှူး ဦးလှအောင်က Duwun ကိုပြောပါတယ်။



“ မေလဆန်းပိုင်းက စပြေးတာပေါ့။ စီးတဲ့သူတွေက တစ်ချို့ယာဉ်တွေမှာ အနည်းဆုံး ၂ ယောက်ကနေ အများဆုံး ၂၇ ယောက်လောက်ပဲစီးကြတာ။ မြို့တွေမှာက သွားရင် ကွာရန်တင်းဝင်ရတဲ့ မြို့နယ်တွေရှိနေတော့ လူတွေက ခရီးမသွားကြတော့ဘူး” လို့ ဦးလှအောင်က ဆိုပါတယ်။ လက်ရှိ ရန်ကုန်တိုင်းကနေ နေပြည်တော်၊မော်လမြိုင်၊ မုံရွာ၊ ဘားအံ၊ကျောက်ဖြူ ၊ပြည်၊ ပဲခူးစတဲ့ မြို့တွေကို အဓိက ပြန်လည်ပြေးဆွဲနေပေးနေတာဖြစ်ပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုတွေကြောင့် မြို့အသီးသီးမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေကို ယာယီရပ်နားခဲ့ပေမယ့် သင်္ကြန်ပြီးကာလနောက်ပိုင်းမှာတော့ ပြန်လည်ပြေးဆွဲမှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ COVID-19 ရောဂါမဖြစ်ပွားခင်ကာလက ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ ယာဉ်လိုင်းပေါင်း ၂၆၀ကျော်ထွက်ရှိပြီးနေ့စဉ်စီးနင်းသူဦးရေ သောင်းဂဏန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က