ကိုယ့်အသက်အရွယ်အရ အိုလာပြီဆိုတာလည်း တွေ့နေရပါပြီ။

စိုင်းစိုင်းခမ်းလှိုင်က အောင်မြင်မှု တစ်ခုရဖို့ဆိုတာ ရုပ်ရည်ချောမောတာနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ 

Photo: Sai Sai



မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ထိပ်ဆုံးနေရာက ရပ်တည်နေတဲ့ အဆိုတော်ကတော့ စိုင်းစိုင်းခမ်းလှိုင် ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုကတော့ ၁၀ စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ရုပ်ချောလို့ အောင်မြင်တာလားဆိုတဲ့ မိတ်ဆွေတချို့ရဲ့ မေးခွန်းတွေကို စိုင်းစိုင်းခမ်းလှိုင်က မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ 

“ အောင်မြင်မှုက ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ မနက်ဆိုလည်း မျက်နှာသစ်၊ သွားတိုက်ရင် ကိုယ့်ရုပ်ကြီးကိုယ် မှန်ထဲမြင်နေရတာပဲလေ ကိုယ့်ကိုယ်ကိုယ် အိုစာလာတာ သိပါတယ်။ အခုခေတ်ပေါ် ဖုန်းတွေနဲ့ Selfie ရိုက်လိုက်ရင် လှသွားတာပဲ။ ပုံတွေတင်ရင်သာ ဒီဘဲကြီး မအိုသေးဘူးဆိုပေမယ့် သူ့အသက်အရွယ်နဲ့ သူတော့ အိုနေပါပြီ။ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ စိတ်ကို ပျော်အောင်ထားတယ်။ ညဘက်အိပ်တာ၊ မနက်နိုးလာတာ တွေကို ဒေါသနဲ့ မဖြတ်သန်းဘူး။ မကောင်းတဲ့ သတင်းတွေလည်း မဖတ်ဘူး။ ဝေဖန်လာရင်တော့ ဖတ်တယ်၊ အသားလွတ်လာဆဲရင်တော့ဘလော့လိုက်တယ်” လို့ ဆိုပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေထဲက တောဂေါ်လီ သီချင်းကဆိုလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ထွက်ရှိခဲ့တာဆိုပေမယ့် ဒီနေ့အချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ သီချင်း တစ်ပုဒ်ပါပဲ။ ဒီလို အောင်မြင်မှုဟာ ပရိသတ်အားပေးမှုနဲ့သာ သက်ဆိုင်တယ်လို့ စိုင်းစိုင်းက ပြောပါတယ်။ သီချင်းတစ်ပုဒ်တည်း အောင်မြင်တာထက် နောက်နေ့တွေမှာ ပိုအောင်မြင်စေမယ့် ပရိသတ်အကြိုက် သီချင်းတွေကို ဖန်တီးရတာ ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။ အောင်မြင်မှုဆိုတာ လက်မှာ ပိုက်ထားလို့ မရဘူးလို့လည်း စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။ 

Photo: Trigger

လှုမှုကွန်ယက် စာမျက်နှာတွေပေါ်မှာလည်း စိုင်းစိုင်းရဲ့ ဓာတ်ပုံတွေနဲ့ စနောက်နေကြတာ တွေ့ရပါတယ်။ ဒါတွေကိုလည်း စိုင်းစိုင်းက စိတ်မဆိုးတဲ့အပြင် သဘောကျမိတယ်လို့လည်း ဖေဖော်ရီလ ၂၉ ရက်နေ့က Samsung ဖုန်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ Troll တာတွေက ကျတော့ စိတ်အနှောက်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ သူတို့က ကာတွန်းလိုပဲ ရယ်ရတယ်။ ပျော်ဖို့လည်းကောင်းတယ်။ ကျွန်တော် အခုပေါင်းတဲ့ သူငယ်ချင်းတွေထဲမှာ လူငယ်တွေ၊ လူကြီးတွေနဲ့ ကလေးတွေလည်းရှိတယ်။ ယောကျ်ားလေးတွေလည်းရှိသလို၊ မိန်းကလေးတွေလည်းရှိတယ်။ လူတိုင်းက မတူညီတဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေရှိကြတယ်။ ဘယ်သူတွေနဲ့ ပေါင်းရတယ်၊ မပေါင်းရဘူးဆိုတာ မရှိဘူး။ ကျွန်တော် ပျော်အောင်ပဲနေတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က