၎င်းကသာ အမြန်ဆုံးဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အမှန်တကယ်လျင်မြန်တဲ့ ကစားသမားအချို့ရှိနေပြီး ကြယ်ပွင့်တိုက်စစ်မှူး လူကာကူက ကျန်တဲ့မန်ချက်စတာယူနိုက်တက် အသင်းဖော်တွေအားလုံးထက် ၎င်းက ပိုမိုလျင်မြန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကအစ အန်တိုနီယိုဗလင်စီယာအလယ် အဲရစ်ဘိုင်လီတို့အဆုံး လျင်မြန်တဲ့ ကစားသမားတွေ ရှိနေတာဖြစ်ပေမယ့် လူကာကူက အံ့အားသင့်ဖွယ် အဖြေပေးလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အင်စတာဂရမ်အကောင့်မှာ အမေးအဖြေအစီအစဉ်ကို ပြုလုပ်နေချိန်မှာ ပရိသတ်တစ်ဦးက အသင်းမှာ အမြန်ဆုံးကစားသမားက ဘယ်သူလဲလို့ လူကာကူကို မေးခွန်းထုတ်ခဲ့တာပါ။

လူကာကူက ၎င်းရဲ့လက်ကို ခပ်မြန်မြန် မြှောက်ပြရင်း “လူတွေက ကျွန်တော့်ကို နှေးတယ်လို့ ပြောနေကြပါတယ်။ အဲဒါမဟုတ်ပါဘူး။ ဒါပါပဲ” လို့ ပြုံးရွှင်နေတဲ့မျက်နှာအမူအရာနဲ့ ပြောကြားခဲ့ပါတယ်။

လူကာကူအနေနဲ့ အဲဒီလို ပြန်လည်ဖြေဆိုနိုင်ဖို့အတွက်လည်း အကြောင်းပြချက်ကောင်းရှိနေပြီး ၎င်းရဲ့အသင်းဖော်တွေအားလုံးထက် ပိုမိုလျင်မြန်ကြောင်း ကိန်းဂဏန်းတွေက သက်သေခံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက လူကာကူဟာ အမြင့်ဆုံးပြေးနှုန်း တစ်နာရီ ၃၄.၈၄ ကီလိုမီတာအထိရှိခဲ့ပြီး ၎င်းရဲ့အသင်းဖော်တွေအားလုံးထက် ပိုမိုလျင်မြန်ခဲ့ပါတယ်။ လူကာကူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကိုယ်အလေးချိန်တင်ထားတဲ့အတွက် ဘောလုံးနဲ့အတူ လိုက်မပြေးနိုင်ဘဲ နှေးကွေးလေးလံနေတယ်လို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က