ပုဆိုး အထည်(၁၀၀)နဲ့ ဆန်(၁၀) အိတ်လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ခန့်စည်သူကတော့ အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံကြီးမှာ Home Lockdown ဖြစ်နေကြ တဲ့ Covid ကျန်းမာရေးဝန်ထမ်းတွေအတွက်လိုအပ်တာတွေ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ 

Photo: Khant Si Thu

သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ အဖွ့ဲသားတွေကတော့ စက်တင်ဘာလ(၂၄) ရက်နေ့ မနက်ပိုင်းက အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

" ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းတီဘီ ရောဂါ အထူးကုဆေးရုံကြီး၌ Home Lock down ဖြစ်နေသော ဆေးရုံဝန်ထမ်းများ၊ Covid-19 Positive ဆေးရုံဝန်ထမ်းများနှင့်လူနာများအတွက် အလှူငွေ(၁၅)သိန်း၊ ဆန်(၁၀)အိတ်၊ ပုဆိုးအထည်(၁၀၀)တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန္တာမွှန်းထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ အခက်အခဲများကြားမှဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များနှင့် မေတ္တာသင်္ဂဟအဖွဲ့ဝင်များ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဆေးရုံဝန်ထမ်းများ၊လူနာများနှင့်အလှူရှင်များ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ" ဆိုပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ် (၁၂) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Khant Si Thu

မေတ္တာသိင်္ဂဟ အဖွဲ့ကိုတော့ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ အပါအဝင် အနုပညာရှင်များစွာတို့ အတူတူ ဖွဲ့စည်းထားတဲ့ ပရဟိတအသင်း တစ်ခုဖြစ်ပါတယ်။ အဆိုပါ ပရဟိတအဖွဲ့ဟာ သဘာဝဘေးအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေ၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် လူမှုပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အရာတွေကို အမြဲမပြတ် ကုသိုလ်ပြုနေတဲ့ အဖွဲ့ဆိုရင်လည်း မမှားပါဘူး။ အခုချိန်မှာတော့ မေတ္တာသိင်္ဂဟ ပရဟိတအဖွဲ့ သက်တမ်းဟာ(၉) နှစ်တာ ခိုင်ခိုင်မာမာရပ်တည်လျှက်ရှိတာတွေ့ရပါတယ်။ 

Photo: Khant Si Thu

လက်ရှိ COVID-19 ကာလမှာလည်း အနုပညာလောကသားတွေထဲက စားဝတ်နေရေးအဆင်မပြေသူများဖြစ်တဲ့ စက်မှုအခြေခံအလွှာ ၊ အမေများအဖွဲ့ တို့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သလို ရန်ကုန် ကလေးဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ ကြီး နဲ့ မန္တလေးဆေးရုံကြီးတွေမှာလည်း အာဟာရ အလှူဒါနတွေ ပြုလုပ်တာဖြစ်ပြီး တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ စာသင်ကြားနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက်လည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။  

Photo: Khant Si Thu

ပရဟိတကုသိုလ်တွေ လုပ်လေ့ရှိတဲ့ အနုပညာရှင်တွေထဲမှာ ခန့်စည်သူက သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ ဘွဲ့ကို ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က