ပရိသတ်တွေရဲ့ အချစ်တော် အိန္ဒြာကျော်ဇင်က အဖြူရောင်လေးကို မြတ်နိုးသူပါ။ အဖြူရောင်ကို ချစ်တဲ့ သူမက အဖြူရောင်ပန်းလေးတွေ မြင်ရင် စိတ်ကြည်နူးတယ်လို့ ဆိုပါတယ်။ သားသားကို ကျောင်းလိုက်ပို့ပြီး အပြန်မှာ ပန်းလေးတွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေက အရမ်းကို လှနေတာပါ။
Photo : အိန္ဒြာကျော်ဇင် FB
မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ပန်းလေးတွေနဲ့ အပြိုင် လှချင်းတိုင်းကို လှနေတော့တာပါပဲ။ အဖြူရောင်ကို ချစ်တဲ့ သူမက အဖြူရောင်ပန်းလေးတွေကို မြင်ရင် စိတ်ကြည်နူးတယ်ဆိုပြီး ပြောထားပါသေးတယ်။
“အဖြူရောင်ကိုချစ်တယ်။ အဖြူရောင်ကိုမြတ်နိုးတယ်။ အဖြူရောင်ပန်းလေးတွေကိုမြင်ရင်စိတ်ကြည်နူးတယ်” ဆိုပြီး ဇန်နဝါရီ(၂၁) ရက်နေ့ မနက်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : အိန္ဒြာကျော်ဇင် FB
အိန္ဒြာကျော်ဇင်က ဒီနေ့မနက်ပိုင်းမှာ သားသားကိုကျောင်းလိုက်ပို့ရင်း ပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားပြောခဲ့ပါသေးတယ်။ Live ထဲမှာ သားလေးအကြောင်းတွေ ပြောထားသလို ကျောင်းလိုက်ပို့ပြီး အပြန်လမ်းမှာလည်း ပရိသတ်တွေရဲ့ ကောမန့်တွေ ဖတ်ပေးပြီး စကားတွေ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် သူမအပြင်သွားရင် အမြဲတမ်း ယူသွားဖြစ်တဲ့ ပစ္စည်းလေးတွေအကြောင်းလည်း ပြောခဲ့ပါသေးတယ်။ သူမအပြင်သွားပြီဆိုရင် ပိုက်ဆံအိတ်ထဲမှာ ရေမွှေးပုလင်း၊ ဘုရားစာအုပ်တွေ၊ နှုတ်ခမ်းနီ၊ ပေါင်ဒါတို့နဲ့အတူ သူမ အရမ်းကြိုက်တဲ့ မျက်မှန်တွေကို ထည့်ထည့်သွားလေ့ရှိတယ်ဆိုပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။
Photo : အိန္ဒြာကျော်ဇင် FB
အိန္ဒြာကျော်ဇင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က “ဂျင်ပါတီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၂၈) ရက်နေ့စပြီး ရိုက်ကူးခဲ့တာပါ။ “ဂျင်ပါတီ” ဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကိုက ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ရွှေအိမ်စည်၊ Bella၊ ခင်လှိုင်၊ ကိုပေါက်၊ ဂျိုကာနဲ့ Kညီတို့က ပါဝင်ထားပါတယ်။
Photo : အိန္ဒြာကျော်ဇင် FB
သူမက လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ရင်း မိသားစုကို အချိန်ပေးဖြစ်နေသူ တစ်ဦးပါ။
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။