ရိုးမားနည်းပြ မော်ရင်ဟိုက သူ့အနေနဲ့ အဲဗာတန်နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ပြတ်ပြတ်သားသားပဲ ငြင်းဆန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ငြင်းဆန်မှုက ယူနိုက်တက်ကိုပါ ထိပါးခဲ့ပြီး ယူနိုက်တက်အတွက်တော့ မခံချင်စရာဖြစ်ခဲ့ရပါတယ်။
ရိုးမားရဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက “အဲဗာတန်ကို ကိုင်တွယ်ဖို့လား? အသုံးမကျတဲ့ အသင်းပိုင်ရှင်တွေနဲ့ အလယ်အလတ်တန်းအသင်းကို သွားမယ့်အတူတူတော့ ကျနော် ယူနိုက်တက်ကိုပဲ ပြန်သွားတော့မှာပေါ့” လို့ တုံ့ပြန် ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
အဲဗာတန်ဟာ နော့ဝစ်ချ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်မှာ အမြဲတမ်းနည်းပြသစ် ရှာဖွေနေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဗာတန် နည်းပြသစ် ရာထူးအတွက် ရွန်းနီ၊ လမ်းပတ်တို့အပါအဝင် မော်ရင်ဟိုလိုနည်းပြမျိုးနဲ့ အခြားသောနည်းပြမျိုးစုံရဲ့ နာမည်တွေ ထွက်ပေါ်နေတာပါ။
မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတယောက်ဖြစ်ပြီး ဖာဂူဆန် ခေတ်လွန် ယူနိုက်တက်မှာ အအောင်မြင်ဆုံး နည်းပြတယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ ယူနိုက်တက်နည်းပြဘဝ အဆုံးသတ်က ကစားသမားတွေနဲ့ သူ့အကြား ဆက်ဆံရေးပြိုကွဲမှုတွေနဲ့အတူ တော်တော်လေး ဆိုးဆိုးရွားရွား ဇာတ်သိမ်းသွားခဲ့ရတာပါ။
အဲ့ဒါကြောင့် မော်ရင်ဟိုအနေနဲ့ ယူနိုက်တက်ကို စိတ်နာနေဆဲဆိုတာ အခု အင်တာဗျူးက သက်သေပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မော်ရင်ဟိုဟာ မကြာခင်ကလည်း ပရီးမီးယားလိဂ်ကလပ်အသင်းပဲဖြစ်တဲ့ နယူးကာဆယ်ကို ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်တုန်းကလည်း မော်ရင်ဟိုက ဒီသတင်းတွေကို ပွင့်ပွင့်လင်းလင်း ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေအတွက် ရိုးမားမှာသာ ဆက်ရှိနေဦးမယ်လို့ ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။