အက်ဖ်အေဖလားပွဲအဖြစ်ကစားခဲ့တာပါ။

အဲဗာတန်နည်းပြသစ်အဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်မှာပဲ လမ်းပတ်ကတော့ ဂိုးပြတ်နိုင်ပွဲရယူပေးခဲ့ကာ အသင်းပရိသတ်တွေကို စိတ်တိုင်းကျစေခဲ့ပါတယ်။ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၄-၁ နဲ့ အနိုင်ရရှိခဲ့ကာ နိုင်ပွဲပျောက်ဆုံးနေတာကြာမြင့်နေပြီဖြစ်တဲ့ အဲဗာတန်ကို ပထမဆုံးပွဲမှာပဲ နိုင်ပွဲပြန်ရှာပေးခဲ့ပါတယ်။ 

ယယ်ရီမီနာ၊ ရစ်ချာလီဆန်၊ ဟိုးလ်ဂိတ်၊ တောင်းဆန့်တို့က အဲဗာတန်အတွက် ဂိုးတွေသွင်းပေးခဲ့ပြီး ဘရန့်ဖို့ဒ်အတွက်တော့ တိုနေးက ပင်နယ်တီကနေ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲအပြီးမှာတော့ လမ်းပတ်က သူ့အတွက် ထူးရှယ်နေ့တနေ့လို့ တင်စားပြောဆိုခဲ့ပြီး ဒီနေ့ရက်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။ 

"ဒါက ကျနော်ဘယ်တော့မှမမေ့နိုင်တဲ့ နေ့တနေ့ပါပဲ၊ ဒီခံစားချက်ကို ကျနော်မထိန်းချုပ်နိုင်ခဲ့ပါဘူး" လို့ ပွဲစဉ်တလျှောက်လုံး ကွင်းဘေးနားမှာ ကစားသမားတွေကို ကျယ်ကျယ်လောင်လောင်နဲ့ အော်ဟစ်ညွှန်ကြားနေခဲ့တဲ့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ ကစားသမားတွေရဲ့ အားထုတ်မှုအပေါ်လည်း လမ်းပတ်က ချီးကျူးခဲ့ပြီး တပတ်လုံးလုံးအားထုတ်လေ့ကျင့်ခဲ့မှုရဲ့ အကျိုးဆက်ကို ခံစားရတာဖြစ်တယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 

ဒီပွဲမှာတော့ လမ်းပတ်က သူခေါ်ယူထားခဲ့တဲ့ အလီနဲ့ ဗန်ဒီဘိခ်တို့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါကစားသမားနှစ်ဦးစလုံးကိုတော့ ထည့်သွင်းခဲ့ခြင်းမရှိဘဲ ရှိရင်းစွဲကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဘင်နီတက်ဇ်လက်ထက်မှာ မြင်တွေ့ခဲ့ရတဲ့ အဲဗာတန်ကို ကွဲပြားခြားနားစွာနဲ့ မြင်ခဲ့ရတာဖြစ်ပြီး ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုကလည်း ပွဲအဖြေကို အဓိကကျစေခဲ့ပါတယ်။ 

Share

က္က