ပဲလေ့စ်နဲ့ပွဲမှာ ရန်စခံရမှုကို တုံ့ပြန်ခဲ့လို့ အနီကတ်ထိကာ ၃ ပွဲပယ်ခံခဲ့ရပါတယ်။

လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်က သူ့အသင်းတိုက်စစ်မှူးဒါဝင်နူနက်ဇ်အနေနဲ့ ပြိုင်ဘက်ရဲ့ ရန်စမှုကို အားသာချက်အဖြစ်ပြောင်းလဲပြီး ကောင်းကောင်းအသုံးချကာ ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ ပစ်မှတ်ထားခံနေရမှုကို ကျော်လွှားဖို့ တောင်းဆိုလိုက်ပါတယ်။ နူနက်ဇ်ကတော့ ပဲလေ့စ်နဲ့ပွဲမှာ ထိခဲ့တဲ့အနီကတ်ကြောင့် ၃ပွဲပယ်ခံထားရမှုကနေ လွတ်မြောက်ခဲ့ပြိဖြစ်ကာ ဒီနေ့ကစားမယ့် အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီပွဲကို ဝင်ရောက်ကစားနိုင်တော့မှာဖြစ်ပါတယ်။ 

ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူအန်ဒါဆန်ရဲ့ ရန်စမှုကို ခပ်လွယ်လွယ်တုံ့ပြန်ကာ ခေါင်းနဲ့ဆောင့်တိုက်ခဲ့တဲ့နောက် နူနက်ဇ်ရဲ့ တုံ့ပြန်မှုလွယ်ကူမှုကို ပြိုင်ဘက်ခံစစ်မှူးတွေက အသုံးချဖို့အတွက် ကြိုးပမ်းလာနိုင်တယ်လို့ ကလော့ပ်က ယူဆထားတာပါ။ ဒါကြောင့်လည်း ဒီလိုအနေအထားကတော့ နူနက်ဇ်အတွက် အားသာချက်ရယူနိုင်မယ်လို့ ကလော့ပ်က ယုံကြည်နေပြီး သူ့တိုက်စစ်မှူးတွေကို အခုလိုပဲပြောဆိုခဲ့ပါတယ်။ 



"အဲဗာတန်က တာကောစကီးနဲ့ ကိုအာဒိတို့က ပွဲကစားချိန်မှာ စကားတွေအများကြီးပြောတတ်တဲ့သူတွေ မဟုတ်ဘူးလို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် သူ နားမလည်တဲ့ အရာအများစုကို တီထွင်ဖန်တီးနေဖို့လည်း မလိုအပ်ပါဘူး၊ အဲဒီကစားသမားနှစ်ဦးက ဒီလိုတွေလုပ်မယ်လို့လည်း ကျနော်တွေးမထားပါဘူး၊ ဒါပေမယ့် ဘယ်သူက သိနိုင်မှာလဲ၊ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့"

"တကယ်လို့ ဒါဝင်ကစားမယ်ဆိုရင် ဒီအရာတွေအတွက် အဆင်သင့်ဖြစ်နေရမယ်ဆိုတာက သေချာပါတယ်၊ တခြားတယောက်က သူ့ကိုအာရုံပြောင်းစေချင်လို့ လုပ်နေတယ်ဆိုရင်တော့ ဘောလုံးအမြင်ကနေပဲ သွားရမှာပါ၊ ဒါဝင်က အရမ်းအံ့ဩဖို့ကောင်းပြီး ရိုးသားတဲ့ လူငယ်လေးပါ၊ ဒါပေမယ့် စိတ်ခံစားချက်များလွန်းတယ်၊ ဒီတော့ အမှားတခုလုပ်လိုက်မိတယ်၊ ၁၅ ရက်စလုံး သူနဲ့ စကားကောင်းကောင်းမပြောဖြစ်ပေမယ့် စိတ်အေးအေးထားရမယ်လို့ ကျနော်ပြောထားပါတယ်" 

"ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်က သူ့ကို ကူညီပေးခဲ့ပါတယ်၊ ဒါကိုလည်း မြင်ကြမှာပါ၊ နောက်ထပ်ဒီလိုတွေဖြစ်လာမလားဆိုရင်တော့ ကျနော်လည်းမသိဘူး၊ ဒါပေမယ့် နောက်ပွဲမှာတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်" လို့ ကလော့ပ်က ပြောခဲ့ပါတယ်။ နူနက်ဇ်ကတော့ လီဗာပူးလ်အတွက် ဒီရာသီမှာ လိဂ်ပွဲ ၂ပွဲကစားထားပြီး ၁ ဂိုးသွင်းယူပေးထားပါတယ်။ 

Share

Loading Next Article...
က္က