အဲဗာတန်က ရုန်းကန်လာနိုင်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ အဲဗာတန်ကို အမှတ်လျှော့ပြစ်ဒဏ် ချမှတ်လိုက်တာကြောင့် လာမယ့်အပတ်မှာ ကစားမယ့် အဲဗာတန်နဲ့ အဝေးကွင်းပွဲအတွက် စိုးရိမ်နေကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ အဲဗာတန်တို့ အိမ်ကွင်းမှာ အပြင်းအထန် ရုန်းကန်လာမှာကြောင့်ပါ။



အဲဗာတန်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် (၁၀) မှတ်လျှော့ ပြစ်ဒဏ်ကို လက်ငင်းချမှတ်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ကြောင့် အဲဗာတန်တို့ အမှတ်ပေးဇယားမှာ တန်းဆင်းဇုန် အဆင့် (၁၉) နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။

အဲဗာတန်ကတော့ ဒီပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ ဆိုထားပါတယ်။ နိုင်ငံတကာပွဲတွေအပြီးမှာ အဲဗာတန်က ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဒီပွဲမှာ အဲဗာတန်တို့ အသားကုန်ရုန်းကန်လာမှာကို ယူနိုက်တက်ပရိသတ်တွေက စိုးရိမ်နေပြီး အခုလိုမျိုး မှတ်ချက်ကိုယ်စီ ပေးခဲ့ကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “ဒီသတင်းအပြီး ပထမဆုံးပွဲအဖြစ် ကျွန်တော်တို့ ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရင်ဆိုင်ရမှာပါ။ ဒါက သိပ်တော့ မကောင်းပါဘူး” “အဲဗာတန်က အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရတဲ့အတွက် သေချာပေါက် ပြန်ရုန်းကန်လာမှာပါ” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ ယူနိုက်တက်တို့ အဲဗာတန်ကို သုံးကြိမ်တွေ့၊ သုံးကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၂-၁ ဂိုး၊ ၂-၀ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့သလို အက်ဖ်အေဖလားမှာလည်း ယူနိုက်တက်က အဲဗာတန်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က