ထရော့ဆက်ဒ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်ကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ထရော့ဆက်ဒ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အနိုင်ရရှိပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ အဲဗာတန်ကွင်းမှာ အာဆင်နယ်တို့ နိုင်ပွဲပျောက်နိုင်တယ်လို့ မှန်းဆမှုတွေရှိခဲ့ပေမယ့် အာဆင်နယ်တို့ အနိုင်ကစားနိုင်ခဲ့တာပါ။



ပထမပိုင်းမှာ မာတီနယ်လီက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် VAR က ပယ်ဖျက်ခဲ့ပါတယ်။ ဒီသွင်းဂိုးမှာ အမှန်တကယ် လူကျွံခြင်းရှိ၊ မရှိက ပရိသတ်တွေအကြား အငြင်းပွားစရာဖြစ်နေပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေကြပါတယ်။


မာတီနယ်လီအတွက်ကတော့ သူ့ရဲ့သွင်းဂိုးက ခွင့်ပြုခြင်းမခံခဲ့ရတဲ့အပြင် ဒဏ်ရာပါ ရသွားခဲ့တာကြောင့် မိအေးနှစ်ခါနာဖြစ်ခဲ့ရတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အတွက် ကံကောင်းသွားခဲ့တာက မာတီနယ်လီနေရာ လူစားဝင်လာတဲ့ ထရော့ဆက်ဒ်က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ အဲဗာတန်ကို ဒီပွဲမှာ အသာစီးကနေ ကစားနိုင်ခဲ့ပြီး ပါတေး မပါဝင်နိုင်ခဲ့တာ၊ ဂျေးဆုအရန်ခုံမှာပဲရှိနေခဲ့တာတွေက အာဆင်နယ်ရဲ့ နိုင်ပွဲကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဒီပွဲမှာ ဘရန့်ဖို့ဒ်ကနေ ခေါ်ယူထားတဲ့ ဂိုးသမား ရာယာက အာဆင်နယ်ကစားသမားဘဝ ပထမဆုံးပွဲဦးထွက်ခွင့်ရရှိခဲ့ပါတယ်။

ရာယာအတွက်လည်း ဒီပွဲမှာ ပေးဂိုးမရှိခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ပြီး အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် (၅) ပွဲကစားပြီးချိန်မှာ တစ်ပွဲသရေ၊ လေးပွဲနိုင်ဆိုတဲ့ရလဒ်ကောင်းတွေနဲ့အတူ ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်ဖို့ အဆင်သင့်ရှိနေသေးကြောင်း သက်သေပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က