လမ်းပတ်ရဲ့အသင်းက ဒဟေးယားရဲ့ ထူးထူးဆန်းဆန်းအမှားကြောင့် ချေပဂိုး ပြန်လည် ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ဒဟေးယားဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်က ချေပဂိုးမှာ အမှားလုပ်မိခဲ့တဲ့အကြောင်း ဆွေးနွေးခဲ့ချိန်မှာ ဘောလုံးက ခြေထောက်ကြားထဲကနေ ထွက်သွားလိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ဘူးလို့ အသင်းဖော်တွေကို ဝန်ခံ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်အသင်းကို အန်တိုနီရဲ့ သွင်းဂိုးကြောင့် ပထမပိုင်း ၅ မိနစ်မှာပဲ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ၁၀ မိနစ်အကြာမှာပဲ လမ်းပတ်ရဲ့အသင်းက ဒဟေးယားရဲ့ ထူးထူးဆန်းဆန်းအမှားကြောင့် ချေပဂိုး ပြန်လည် ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဗာတန်နောက်ခံလူ ကော်နာ ကိုဒီက ဒဟေးယားရဲ့အမှားကို အခွင့်ကောင်းယူပြီး အကာအကွယ်မရှိတဲ့ ဂိုးပေါက်ထဲကို ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂိုးသမားဟာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ ဒဟေးယားအတွက်တော့ အရှက်ရစရာအမှားဖြစ်ခဲ့ပြီး အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ဒါလော့တ်က ပထမပိုင်းအပြီး စပိန်ဂိုးသမားနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ "ကျွန်တော် ပထမပိုင်းအပြီးမှာ ဒေးဗစ်နဲ့ စကားပြောခဲ့ပြီး သူက ဘောလုံး သူ့ခြေထောက်ကြားထဲကနေ ထွက်သွားလိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ ကျွန်တော်တောင်မှ သူ့ခြေထောက်ကြားထဲကနေ ထွက်လာမယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော် တာဝန်ယူရမှာပါ။ ကျွန်တော် နည်းနည်းပိုပြီး လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ရမှာပါ"

"အဲဗာတန်ကစားသမားကိုလည်း ကျွန်တော့်ထက် မြန်မြန် တုံ့ပြန်နိုင်ခဲ့တဲ့အတွက် ချီးကျူးရမှာပါ။ အဲဒါက ကျွန်တော်တို့အတွက် လေ့လာသင်ယူရမယ့်အရာလို့ ထင်ပြီး ကံကောင်းစွာနဲ့ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ဂိုးရဖို့ တိုက်ပွဲဝင်ခဲ့ပြီး နောက်တဆင့်တက်ဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က