အကောင်းဆုံးတွေကိုပဲ ပွဲထုတ်သွင့်တယ်လို့ ပြောခဲ့တာပါ။

လာမယ့်အပတ်တွေမှာ နိုင်ငံတကာပွဲတွေကစားရမှာဖြစ်လို့ ကစားသမားတွေကို အနားပေးဖို့ထက် အသုံးပြုသင့်တယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိခဲ့ပါတယ်။


ယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ အဲဗာတန်နဲ့ပွဲမှာ အသင်းပွဲထွက်လူစာရင်းနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲကို လာရောက်ကြည့်ရှုတဲ့ UFC ဖိုက်တာအကျော်အမော် ခါဘစ်နဲ့ စကားပြောဆိုခဲ့ရာမှာ ဖာဂူဆန်က ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့အကောင်းဆုံးကစားသမားတွေကိုသာ ပွဲထုတ်သင့်တယ်လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 



ရော်နယ်ဒိုက အရန်ကစားသမားအဖြစ်နဲ့သာပါဝင်နေခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာမှ လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဆိုးလ်ရှားလည်း ဝေဖန်ပြစ်တင်ခံနေရပြီး အသင်းအတွက် ငါးဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှူးကို ဘာကြောင့်ချန်လှပ်ခဲ့ရတာလဲလို့ မေးခွန်းထုတ်ခံနေရပါတယ်။ လာမယ့်အပတ်တွေမှာ နိုင်ငံတကာပွဲတွေကစားရမှာဖြစ်လို့ ကစားသမားတွေကို အနားပေးဖို့ထက် အသုံးပြုသင့်တယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိခဲ့ပါတယ်။


ခါဘစ်က သူ့ရဲ့အင်စတာဂရမ်မှာဖော်ပြခဲ့တဲ့ ဗီဒီိယိုထဲမှာ ဖာဂူဆန်နဲ့ စကားပြောဆိုခဲ့ပြီး ပွဲအကြောင်း ဆွေးနွေးနေမှုတွေ ပါဝင်ခဲ့ပါတယ်။ စကော့သားကြီးက "အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို မမြင်လိုက်လို့ ငါလည်း တွေးနေမိတာ၊ နည်းနည်းတော့ စိတ်ပျက်စရာပဲ" လို့ ဆိုခဲ့ပါတယ်။ ခါဘစ်က "သူ ဒုတိယပိုင်းမှာ လူစားဝင်လာတယ်လေ" လို့ ပြန်ပြောခဲ့ရာမှာ ဖာဂူဆန်က "ငါသိပါတယ်၊ ဒါပေမယ့် ဆိုးလ်ရှားက သူ့ရဲ့အကောင်းဆုံးကစားသမားတွေကို ပွဲတိုင်းမှာ ပွဲထွက်ကစားစေသင့်တယ်" လို့ ပြန်ပြောသွားခဲ့တာဖြစ်ပါတယ်။ 

အဆိုပါပွဲဟာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ပွဲအပြီးမှာ ရော်နယ်ဒိုတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ အဝတ်လဲခန်းအတွင်းကို ဝင်ရောက်သွားခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ရာသီအရှည်ကြီးကစားရမှာဖြစ်တာကြောင့် ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ရတာဖြစ်ပြီး သူ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေ၊ ကစားသမားဟောင်းတွေရဲ့ အပြင်းအထန်ဝေဖန်ခံနေရမှုတွေကိုတော့ ဆိုးလ်ရှား ရင်ဆိုင်နေရပါတယ်။

Share

က္က