နည်းပြသစ်အဖြစ် သေချာပေါက်ခန့်အပ်ခံလိုက်ရပြီလို့ ဆိုပါတယ်။

ချယ်လ်ဆီနည်းပြဟောင်းဖရန့်လမ်းပတ်ဟာ အဲဗာတန်အသင်းနည်းပြသစ်ဖြစ်လာဖို့ သေချာသွားခဲ့ပြီလို့ Goal က အတည်ပြုရေးသားလိုက်ပါတယ်။ အင်္ဂလန်နဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်းလည်းဖြစ်တဲ့ လမ်းပတ်ဟာ ဒန်ကန်ဖာဂူဆန် နဲ့ ဗစ်တာပါရဲရားတို့နဲ့ အပြိုင် အဲဗာတန်နည်းပြရာထူးအတွက် အင်တာဗျူးခံခဲ့ရပြီးနောက် ရွေးချယ်ခံလိုက်ရတာလို့ သိရပါတယ်။ 

ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီး ၁နှစ်အကြာမှာပဲ နည်းပြလောကကို လမ်းပတ်က ပြန်လည်ဝင်ရောက်လာမှာဖြစ်ပြီး သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်လာမယ်လို့သိရပါတယ်။ ဘင်နီတက်ဇ်ကို ထုတ်ပယ်ခဲ့တဲ့ အဲဗာတန်ဟာ လက်ရှိမှာ ဒန်ကန်ဖာဂူဆန်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ထားတာဖြစ်ပြီး သူ့လက်ထက်မှာ ဗီလာကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

နည်းပြရာထူးအတွက် ရွန်နီကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဒါဘီနည်းပြက ငြင်းဆန်ခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ လမ်းပတ်ကတော့ ရွန်နီလိုပဲ ဒါဘီနည်းပြအဖြစ်နဲ့ တာဝန်ယူခဲ့ဖူးသူဖြစ်ကာ အဲဒီကမှတဆင့် ချယ်လ်ဆီးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြဘ၀အစမှာ ရလဒ်တွေကောင်းမွန်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့အသင်းက အကျပိုင်းရောက်လာချိန်မှာတော့ သောမတ်တူချယ်လ်နဲ့ အစားထိုးခံလိုက်ရတာဖြစ်ပါတယ်။ 


နည်းပြဘ၀မှာ အဲဗာတန်က လမ်းပတ်အတွက် ၃ သင်းမြောက်အသင်းဖြစ်လာမှာဖြစ်ပါတယ်။ ကြီးကြီးမားမားအောင်မြင်မှုတွေမရရှိသေးပေမယ့်လည်း လမ်းပတ်က နည်းပြကောင်းတဦးဖြစ်လာမယ့် အရည်အသွေးတွေရှိတယ်လို့ သတ်မှတ်ခံထားရပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ မအောင်မြင်ခဲ့တာတွေကို အဲဗာတန်နဲ့အတူ ချေဖျက်ပြနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က