အာဆင်နယ်အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးထားပြီး ကစားခွင့်ပါ မရသူပါ။

ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပေမယ့်လည်း အော်ဘာမီယန်ကို အဲဗာတန်ဆီ အံ့အားသင့်ဖွယ်ရာပြောင်းရွှေ့ဖို့အတွက် ဂျာမိန်းပီနန့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ ပီးနန့်က ဂါဘွန်တိုက်စစ်မှူးအတွက် အဲဗာတန်က အသင့်တော်ဆုံးအသင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့် အပြောင်းအရွှေ့ဖြစ်တယ်လို့လည်း အကြံပေးခဲ့ပါတယ်။ 

အော်ဘာမီယန်ကို အာဆင်နယ်နည်းပြအာတီတာက အသင်းကနေချန်လှပ်ထားတာဖြစ်ပြီး လက်ရှိမှာလည်း တဦးတည်းလေ့ကျင့်ခန်းဆင်းနေရတာဖြစ်ပါတယ်။ အသင်းတွင်း သူ့ရဲ့အပြုအမူတွေနဲ့ လုပ်ရပ်တွေကြောင့် အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံခဲ့ရသလို ဝင်ကစားခွင့်လည်းမရတဲ့နောက် အော်ဘာမီယန်က ဒီအပြောင်းအရွှေ့ကာလအတွင်း အသင်းပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့ပါတယ်။ 


ဆော်ဒီကလပ် အယ်လ်နာဆာ၊ ဘာစီလိုနာ၊ ဂျူဗီနဲ့ နယူးကာဆယ်တို့က သူ့ကိုစိတ်ဝင်စားနေပေမယ့် အဲဒီအသင်းတွေကို ငြင်းဆန်ပြီး အဲဗာတန်ကိုပြောင်းသင့်တယ်လို့ ပီးနန့်က ဆိုပါတယ်။ "သူက ကစားသမားကောင်းတဦးဆိုပေမယ့်လည်း အာဆင်နယ်မှာ ဖြစ်နေတာတွေက ဆိုးရွားပါတယ်၊ ပရီးမီးယားလိဂ်မှာဆိုရင် အဲဗာတန်လိုအသင်းမျိုးက သူ့အတွက်စိတ်ဝင်စားစရာပါ၊ သူတို့က နာမည်ကြီးတိုက်စစ်မှူးတဦးအကူအညီကို လိုအပ်နေတာပါ"

"ဒါဆိုရင် သူ အဲဒီမှာ မျက်နှာသာပေးခံရဖို့ရှိနေပါတယ်၊ ဘာလို့လဲဆိုတော့ သူက နာမည်ကြီးဖြစ်ပြီး ဂိုးတွေလည်းသွင်းယူနိုင်လို့ပါ၊ ထိပ်တန်းအသင်း၊ ဇယားထိပ်ပိုင်းကအသင်းမဟုတ်ပေမယ့် အလယ်အလတ်အသင်းဖြစ်ပါတယ်၊ သူ့အတွက် အဲဒီမှာ ပြသနာမရှိလောက်ဘူး၊ အာဆင်နယ်မှာဘာတွေဖြစ်နေပါစေ၊ ကျနော်ကစားချင်တယ်၊ သက်သေပြချင်တယ်၊ ပြန်ကစားချင်တယ်လို့ အသံထွက်လာရင် သူ့ကို အဲဗာတန်က ခေါ်သင့်ပါတယ်"

"လက်ရျိမှာလည်း အဲဗာတန်က အခက်တွေ့နေတာပါ၊ အူဘာမီယန်က သူတို့ကို တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် ကူညီနိုင်မှာပါ၊ ဒါကို အဲဗာတန် လိုအပ်နေပါတယ်" လို့ ပီးနန့်က ပြောဆိုခဲ့ပါတယ်။ အဲဗာတန်ဟာ အဆင့် ၁၆ နေရာအထိ ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က