ကွင်းလယ်ဒိုင်က အဝါကတ်ပြားပြသဖို့ ရည်ရွယ်ပြီးမှ အနီကတ်ပြခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ကွင်းလယ်ကစားသမား အန်ဒရီဂိုးမက်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကတ်ပြားပြသခံခဲ့ရပြီး ဘောလုံးအဖွဲ့ချုပ်က ယင်းအနီကတ်ကို ပယ်ဖျက်ပေးခဲ့တယ််လို့ BBC ရဲ့ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်အသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဆွန်ဟောင်မင်ရဲ့ဖျက်ထုတ်မှုကြောင့် အန်ဒရီဂိုးမက်စ်ဟာ ကြောက်မက်ဖွယ်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ဟာ အစပိုင်းမှာ ဆွန်ဟောင်မင်ကို အဝါကတ်ပြား ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း အန်ဒရီဂိုုးမက်စ်ရဲ့ ဒဏ်ရာအခြေအနေကို မြင်တွေ့ခဲ့ပြီးနောက်မှာ စိတ်ပြောင်းသွားခဲ့ပြီး အနီကတ်ပြားပြသခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ထုတ်ပယ်ခံခဲ့ရပေမယ့် လွတ်လပ်တဲ့စည်းမျဉ်းကော်မရှင်က မှားယွင်းစွာထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။



“ဆွန်က အဲဒီဖြစ်ရပ်အပြီးမှာ ဆောက်တည်ရာမရဖြစ်နေခဲ့ပါတယ်”

“အဲဒါက အရာအားလုံး ရောထွေးသွားပါတယ်။ ဒဏ်ရာရယ်၊ အနီကတ်ရယ်၊ ပွဲအခြေအနေရယ် အားလုံး ရောထွေးသွားတယ်။ အားလုံးအတွက် စိတ်လှုပ်ရှားစရာအခိုက်အတံ့ဖြစ်ခဲ့ပါတယ်”

“အခု အရက်အနည်းအငယ်အကြာမှာ အားလုံးက ကစားဖို့ အသင့်ဖြစ်နေပါပြီ။ သူကလည်း အရမ်းကောင်းတဲ့ပုံစံမှာရှိနေပါတယ်။ အားလုံးလိုပဲ သူလည်း စိတ်မကောင်းဖြစ်ခဲ့ပေမယ့် ကောင်းမွန်တဲ့ပုံစံမှာ ရှိနေပါတယ်”လို့ စပါးနည်းပြပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဒရီဂိုးမက်စ်နဲ့ ဆွန်ဟောင်မင်တို့ရဲ့ ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ အန်ဒရီဂိုးမက်စ်ကို ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့အထောက်အထားမရှိတာကြောင့် အနီကတ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Share

က္က