ဝီလျံ၊ ဂီရော့ဒ်နှစ်ဦးလုံးကို စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၉တွင် ခြေစွမ်းပြခဲ့တဲ့ ၀ါရင့်ကစားသမားနှစ်ဦးလုံးကို ချဲလ်ဆီးအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဖို့ ပြင်ဆင်နေခဲ့တာ လည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်များခေါ်ယူ အားဖြည့်ဖို့ရှိနေပေမယ့် ၀ါရင့်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဂီရော့ဒ်၊ တောင်ပံကစားသမားဝီလျံတို့ကိုအ သင်းမှာဆက်ရှိနေဖို့အတွက် ဆက်လက်ထိန်းသိမ်းထားလိုနေတယ်လို့ thesun ရဲ့အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။

အစောပို်င်းကာလသတင်းထွက်ပေါ်မှုများတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့အပြင် လူငယ်တိုက်စစ် မှူးအေဘရာဟင်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခွင့်ရနေတဲ့အတွက် အသင်းကနေထွက်ခွာဖို့ပြင် ဆင်နေသူအဖြစ် သတင်းဖော်ပြမှုတွေရှိခဲ့သလို ဝီလျံကို လည်း အသင်းကနေထွက်ခွာခွင့်ပေးဖို့ရှိနေတယ်လို့ သ တင်းတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိမှာတော့ နည်းပြလမ်းပတ်အနေနဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အေဘရာဟမ်ရဲ့နေရာမှာ ခြေစွမ်း ပြနေတဲ့အပြင် အရေးပါတဲ့သွင်းဂိုးများရရှိနေသူ ဂီရော့ဒ်ကိုအသင်းမှာ နောက်ထပ်တစ်နှစ်ဆက်ထိန်းထားနိုင်ဖို့ အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

သတင်းဖော်ပြမှုတွေအရ ဝီလျံကို ခေါ်ယူဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှုများပြုလုပ်နေတဲ့ ဘာစီလိုနာအသ င်းအနေနဲ့ကလည်း ရာသီကုန်တွင် ထပ်မံပြင်ဆင်ကမ်းလှမ်းလာဖို့ရှိနေပြီး စပါးအသင်းကလည်း စိတ်ဝင်စားနေ တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အသင်းမှာဆက်ထိန်းထားနိုင်ရေးအတွက် ပိုပြီးအားစိုက်လုပ်ဆောင်ရဖို့ရှိ နေတာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့နဲ့သက်တမ်းတိုးစာချုပ်အတွက် ကာယကံရှင်ကစားသမားနှစ်ဦးဆီက တစ်စုံတစ်ရာမှတ်ချက်ပြု ခြင်းမရှိိသေးသလို အသင်းဘက်ကလည်း အတည်ပြုခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ စပါးအသင်းကတော့ ဝီလျံအ တွက်အမြင့်မားဆုံးကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့အသင့်ဖြစ်နေခဲ့ပြီဖြစ်တယ်လို့dailymailကအခိုင်အမာ ဖော် ပြ လာ ခဲ့ပါတယ်။

Share

Loading Next Article...
က္က