အဲဒီထက်တောင်မှ ပိုကောင်းတယ်လို့ သူက ပြောခဲ့တာပါ။

လာဇီယိုကို အနိုင်ရခဲ့တဲ့ ရောမဒါဘီပွဲမှာ ရိုးမားအတွက် ၂ ဂိုးသွင်းပြီးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးအေဘရာဟမ်နဲ့ပတ်သက်ပြီး ရိုးမားနည်းပြမော်ရင်ဟိုက အကြီးအကျယ်ချီးမွမ်းလိုက်ပါတယ်။ အေဘရာဟမ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ ရယူနိုင်ခဲ့ပြီဖြစ်ကာ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာနဲ့ မွန်တဲလားတို့ရဲ့ ရိုးမားကစားသမားဘ၀ ပထမဆုံးသွင်းဂိုးစံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

အဆိုပါတိုက်စစ်မှူးနှစ်ဦးက ၂၁ ဂိုးစီရရှိခဲ့ကြတာဖြစ်ပြီး အေဘရာဟမ်ကတော့ ၂၃ ဂိုးနဲ့ ကျော်ဖြတ်ခဲ့တာပါ။ လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့ ရောမဒါဘီပွဲကို ရိုးမားကအနိုင်ယူခဲ့တာဖြစ်ပြီး ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းက အသင်းအတွက် ဆက်တိုက်ဆိုသလို ခြေစွမ်းပြနေခဲ့ကာ အားအထားရဆုံးကစားသမားအဖြစ် ရှိနေပါတယ်။ 

မော်ရင်ဟိုက "အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပါ၊ ဒီနေ့ပွဲက တကယ်ထူးခြားပါတယ်၊ ဘာလို့လဲဆိုတော့ အရာရာတိုင်းမှာ ကျနော်တို့စီမံချက်အတိုင်း လုပ်နိုင်ခဲ့ပါတယ်၊ လာဇီယိုက ဒုတိယပိုင်းမှာကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်တို့ ထိန်းချုပ်မှုမပျောက်ရှခဲ့ပါဘူး၊ ဒီကောင်လေးတွေက နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ အေဘရာဟမ်နဲ့ပတ်သက်ပြီး ပြောခဲ့ရာမှာလည်း "အေဘရာဟမ်က အရမ်းကောင်းတယ်ဗျာလို့ ခင်ဗျားပြောရင် ကျနော်လက်မခံဘူး"

"သူက အဲဒီထက်ပိုလုပ်ပြနိုင်တယ်၊ သူ့ဆီကနေ ကျနော်အများကြီးတောင်းဆိုနေတာက ဘာလို့လဲဆိုတော့ သူ့ရဲ့လုပ်နိုင်ချေကို သိလို့ပါ၊ သွင်းဂိုးတွေအကြောင်းကို ကျနော်မပြောဘူး၊ ဒါပေမယ့် သူက ပွဲတိုင်းမှာ ဒီလိုခံယူချက်တွေနဲ့ ကစားနေတဲ့သူပါ" လို့ ပြောဆိုခဲ့ပါတယ်။ အေဘရာဟမ်ကတော့ ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်းအများဆုံးအင်္ဂလန်တိုက်စစ်မှူးအဖြစ်နဲ့လည်း ရပ်တည်နေပါတယ်။ 

Share

Loading Next Article...
က္က