ဂိုးဝင်ပြီးမှ ပြစ်ဒဏ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

မီခီတာရန်ဆီ ဘောလုံးရောက်ခဲ့ပြီး ပိတ်သွင်းယူခဲ့ရာမှာ ဂျူဗီဂိုးသမားကာကွယ်နိုင်ခဲ့ပြီး အဲဒီကတဆင်လျှံထွက်လာတဲ့ဘောလုံးကို အေဘရာဟမ်က ပိတ်သွင်းယူခဲ့ပြီး ဂိုးဝင်ခဲ့ပါတယ်။


ဂျူဗင်တ်စ်က ၁-၀ နဲ့ ရိုးမားကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ ရိုးမားနည်းပြမော်ရင်ဟိုကို ဆွေ့ဆွေ့ခုန်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အကူဒိုင်ကို အကြီးအကျယ်စောဒကတက်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပြီး အသင်းရှုံးပွဲရင်ဆိုင်သွားခဲ့ရလို့လည်း ပိုပြီးဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ 



ဂျူဗီအတွက် မွိုက်ကီးန်က ဦးဆောင်ဂိုးကို သွင်းယူထားပြီးနောက် ရိုးမားဟာ ချေပဂိုးရဖို့အတွက် အားထုတ်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၄ မိနစ်မှာတော့ တမ်မီအေဘရာဟမ်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့အတူ ဂျူဗီဧရိယာအတွင်း နောက်ခံလူတွေကို ကောင်းကောင်းလှည့်စားနိုင်ခဲ့ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခြင်း ခံခဲ့ရလို့ အေဘရာဟမ်လဲကျသွားခဲ့ပါတယ်။ 



ဒါပေမယ့်လည်း မီခီတာရန်ဆီ ဘောလုံးရောက်ခဲ့ပြီး ပိတ်သွင်းယူခဲ့ရာမှာ ဂျူဗီဂိုးသမားကာကွယ်နိုင်ခဲ့ပြီး အဲဒီကတဆင်လျှံထွက်လာတဲ့ဘောလုံးကို အေဘရာဟမ်က ပိတ်သွင်းယူခဲ့ပြီး ဂိုးဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ဒီဂိုးမသွင်းခင် အေဘရာဟမ်ကျူးလွန်ခံရတဲ့ ပြစ်ဒဏ်ဘောအတွက် ပင်နယ်တီသတ်မှတ်ပေးခဲ့လို့ ကန်သွင်းခဲ့ရပြီး ဗီရာတော့တ်ကန်သွင်းယူရာမှာတော့ လွဲချော်ခဲ့လို့ ရိုးမားတို့ ချေပဂိုးနဲ့ အလှမ်းဝေးသွားခဲ့ရပါတယ်။ 


ပုံမှန်အားဖြင့်တော့ ပြစ်ဒဏ်ကျူးလွန်ခံရပေမယ့် ဂိုးအဖြစ်ပြောင်းလဲသွားနိုင်ချိန်မှာဆိုရင် ဂိုးသာ ပေးလိုက်တာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ကပွဲမှာတာ့ ဂိုးဝင်ပြိးခါနီ ပင်နယ်တီအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရိုးမားအတွက် ပင်နယ်တီသွင်းယူခဲ့တဲ့ ဂျော်ဒန်ဗီရာတော့တ်ဟာ ၁၃ ကြိမ်ဆက်တိုက်ပင်နယ်တီဝင်အောင် ကန်သွင်းယူထားနိုင်သူဖြစ်ပေမယ့်လည်း မနေ့ကပွဲမှာတော့ ကံဆိုးစွာနဲ့ပဲ ဆက်ဇနီက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ 

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ပရိသတ်တွေကလည်း ဝေဖန်ခဲ့ကြပြီး စပါယ်ရှယ်ဝမ်းမော်ရင်ဟိုကတော့ မေးစရာမလိုအောင်ကို ဒေါသူပုန်ထခဲ့ပြီးစောဒကတက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က