အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို ရောင်းထုတ်မယ့်အပေါ် ဂယ်ရီနဗီးလ်က မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့ ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်ကို အကောင်းဆုံး အသင်းပိုင်ရှင်တယောက်အဖြစ် ချီးကျူး ပြောကြားလိုက်ပါတယ်။ အသက် (၅၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဘရာမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ ချဲလ်ဆီးကို စတင်ဝယ်ယူခဲ့ပါတယ်။



ဒါပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ရုရှားသူဌေးတွေအတွက် ဖိအားတွေ အတော်များပြားလာခဲ့ပြီး အေဘရာမိုဗစ်ချ်လည်း ချဲလ်ဆီးကို ရောင်းထုတ်မယ်လို့ မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာပြီးတဲ့နောက်မှာတော့ ဂယ်ရီနဗီးလ်က အခုလိုပဲ ချီးကျူးလိုက်ပါတယ်။

ဂယ်ရီနဗီးလ်က “အေဘရာမိုဗစ်ချ်က နောက်ဆုံး နှစ် (၂၀) အတွင်း ပရီးမီးယားလိဂ်သမိုင်းရဲ့ အရေးပါဆုံး အသင်းပိုင်ရှင်တယောက်ဖြစ်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုကို အရှိန်မြင့်စေခဲ့တယ်လို့လည်း ကျနော် ယုံပါတယ်။ အစပိုင်းမှာတော့ သူက နည်းပြတွေကို ပုံမှန်အလုပ်ထုတ်လေ့ရှိပါတယ်။ အောင်မြင်တဲ့ နည်းပြတွေကိုတောင်မှ သူက ထုတ်ခဲ့တာပေါ့”

“ကျနော် ပြောနိုင်တာက နှစ်ပေါင်း (၂၀) ကျော်အတွက် သူက အရမ်းကို အောင်မြင်တဲ့ အသင်းပိုင်ရှင်ဖြစ်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အကယ်ဒမီ ကစားသမားတွေ၊ အခြားကိစ္စတွေကို ချဥ်းကပ်ပုံတွေမှာ ထူးခြားတဲ့ စံနမူနာတခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခုဆို ချဲလ်ဆီးက အကယ်ဒမီ ကစားသမားတွေကို မွေးထုတ်ဖို့ အစပြုနေပါပြီ”

“အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ချဲလ်ဆီးက အရမ်းကို အောင်မြင်ပြီး အထင်ကြီးခံရတဲ့ အသင်းတသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ပူတင်နဲ့ ဆက်စပ်နေတဲ့ စွပ်စွဲချက်တွေကြောင့် ဒါတွေက ပြီးဆုံးသွားခဲ့ပါပြီ”

“နှစ်အနည်းငယ်ကြာမှ ရင်ဆိုင်ရမယ့်ကိစ္စတွေက သူ့အတွက် ပြီးခဲ့တဲ့အပတ်မှာ ထိပ်တိုက်ရောက်လာတယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ပေါင် (၄) ဘီလီယံနဲ့ ရောင်းချသွားဖို့ ပြင်ဆင်ထားပြီး အရောင်းအဝယ်ကို အမြန်ဆုံး အပြီးသတ်သွားဖို့ ပြင်ဆင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က