မက်ဆီများ ပြန်လာလေမလားလို့ တွေးမျှော်နေကြကုန်ပါပြီ။

အသက် ၃၈ နှစ်အရွယ် အဲဗက်စ်ဟာ အသင်းလက်မဲ့ဖြစ်နေပြီးနောက် ဇာဗီရဲ့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းတော့မယ်လို့ နှစ်ဦးနှစ်ဖက် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။


ဘာစီလိုနာအသင်းကို ကစားသမားဟောင်းဖြစ်သူ ဒန်နီအဲဗက်စ် ပြန်လည်ပြောင်းရွှေ့လာဖို့ သေချာသွားခဲ့တဲ့နောက် ဘာစီလိုနာပရိသတ်တွေက မက်ဆီ ပြန်လည်ရောက်ရှိလာဖို့ပါ မျှော်လင့်နေပြီဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် အဲဗက်စ်ဟာ အသင်းလက်မဲ့ဖြစ်နေပြီးနောက် ဇာဗီရဲ့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းတော့မယ်လို့ နှစ်ဦးနှစ်ဖက် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။



ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာဟာ ဇာဗီအတွက်အပြောင်းအရွှေ့စရိတ် ယူရို ၁၀ သန်းသာ ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ဇန်နဝါရီမှာ ကစားသမားသစ်တွေခေါ်ယူရာမှာ ဇာဗီအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကိုသာ ပစ်မှတ်ထားရဖွယ်ရှိနေပြီး လက်ရှိကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံးတည်ဆောက်သွားရဖို့ရှိနေပါတယ်။ 

အဲဗက်စ်ရောက်ရှိလာပြီးနောက် ပရိသတ်တွေက မက်ဆီကိုလည်း အသင်းဆီပြန်လာဖို့အတွက် မျှော်လင့်နေကြတာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ဒီရာသီအစကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားသူဖြစ်ပြီး လက်ရှိမှာ အသင်းသစ်နဲ့ အသားမကျသေးဘဲ ဒဏ်ရာပြသနာတွေရင်ဆိုင်နေရသလို လီဂူးပြိုင်ပွဲမှာလည်း သွင်းဂိုးတစ်ဂိုးမှမရသေးဘဲ ဂိုးမိုးခေါင်နေပါတယ်။ 

ဂျေလိဂ်မှာ သွားကစားနေတဲ့ အင်နီယေစတာကလည်း ဇာဗီပြန်ရောက်လာပြီးနောက် ဘာစီလိုနာဆီ ပြန်လာချင်တယ်လို့ အသံထွက်လာခဲ့ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကို ကစားသမားဟောင်းတွေ ပေါင်းစည်းကာ ကူညီဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒီလိုတွေဖြစ်လာမှုနဲ့အတူ မက်ဆီပြန်လာရေးကိုလည်း ဘာကာပရိသတ်တွေက မျှော်လင့်လာကြတာပါ။

ဒါမေပယ့်လည်း မက်ဆီကို ပြန်လည်ခေါ်ယူဖို့က ထင်မှတ်သလောက်လွယ်ကူမှမဟုတ်ပါဘူး။ ပီအက်စ်ဂျီက မက်ဆီကို ထွက်ခွင့်ပေးဖို့ဆိုတာက မဖြစ်နိုင်သလောက်ရှိနေပြီး ကစားသမားက ပြောင်းရွှေ့ချင်တယ်ဆိုရင်တောင်မှ စာချုပ်ပါသဘောတူညီမှုတွေက ဘယ်လိုအနေအထားနဲ့ ရှိမလဲဆိုတဲ့အပေါ်မှာ မူတည်နေဦးမှာဖြစ်လို့ ဘာကာပရိသတ်တွေရဲ့ ဆန္ဒဟာ စိတ်ကူးယဉ်ဆန်မှုနဲ့သာ ပြီးဆုံးသွားဖွယ်ရာရှိနေပါတယ်။ 

Share

Loading Next Article...
က္က