ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ဖခင်ဖြစ်သူ လွင်မိုး နဲ့ တူတဲ့ ဝါသနာကြောင့် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပြီလို့ဆိုပါတယ်။ အနုပညာအလုပ်တွေလည်း လုပ်ရင်း ပညာရေးမှာလည်း ဘွဲ့မြန်မြန်ရအောင် ကြိုးစားတော့မယ်လို့ ပြောပါတယ်။ 

Photo: YeMinLay



ယွန်းဝတီလွင်မိုးကတော့ ဖေဖော်ဝါရီလအတွင်းမှာရိုက်ကူးမယ့် “ ရွှေဖူးစာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ခင်ပွန်းကလည်း ခွင့်ပြုပေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“သူကတော့ ရုပ်ရှင်ပြန်ရိုက်မယ်ဆိုတော့ နောက်ပိုင်းကျရင် ဘာတွေပြန်ဖြစ်လာနိုင်မလဲ အရမ်းစဉ်းစားတယ်။ မင်းသားတွေ၊ မင်းသမီးတွေကလည်း ဒီလောကထဲမှာ အကုန်လုံးက ခင်နေကြတာဆိုတော့ သူ လက်မခံစရာအကြောင်းမရှိပါဘူး။ ညီမကိုယ်တိုင်ကလည်း မော်ဒယ်လ်အဖြစ်ကနေ Upgrade လုပ်လိုက်သလိုပေါ့နော်။ ရုပ်ရှင်လောကဘက်ကို ဝင်လာတယ်ဆိုတာကလည်း အဖေ့ခြေရာ နင်းတာပဲလေ” လို့ သူကဆိုပါတယ်။ 

Photo: A Linn Young

ယွန်းဝတီလွင်မိုးဟာ “ရွှေဖူးစာ” ရုပ်ရှင်ကားကြီးရိုက်ပြီးတာနဲ့ ပြည်ပကို ပြန်တော့မယ်လို့ သိရပါတယ်။ သူမကတော့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့အတူ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ 

“ရုပ်ရှင်ရိုက်အပြီး ဖေဖော်ဝါရီလကုန်တာနဲ့ ပြန်တော့မှာပါ။ ဟိုမှာ စီးပွားရေးလုပ်ဖို့ကကျတော့ သူတို့က စနစ်တကျရှိတော့ ပိုရုန်းကန်ရမယ်၊ ပိုကြိုးစားရမယ်၊ ကြိုးစားသလောက်လည်း ရတယ်။ ဒီမှာကကျတော့ စီးပွားရေး အခက်အခဲဖြစ်တာတို့ရှိတော့ အရင်ထက်အများကြီး ကြိုးစားရတယ်။ ဒါပေမယ့် ညီမကတော့ ပိုပျော်ပါတယ်။ မိသားစုကလည်း ဒီမှာဆိုတော့လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက “ရွှေဖူးစာ”ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Yoon Waddy Lwin Moe

သူမဟာ ဒီတစ်ခေါက် သြစတေးလျကို ပြန်ရင် ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတော့မယ်လို့ ဆိုပါတယ်။ သားလေး ကလည်း အရမ်းစကားတတ်နေတဲ့အချိန်မှာ ခွဲရမှာမို့ ပိုပြီးတော့ ခံစားရပြီလို့ ယွန်းဝတီလွင်မိုးကဆိုပါတယ်။ 

“ ပြန်သွားရင်လည်း အရင်တုန်းက ခွဲရသလို ခံစားချက်မျိုးပါပဲ။ စိတ်မကောင်းဘူး သို့သော် မြန်မြန်သွား၊ မြန်မြန်ပြန်လာမယ်၊ မြန်မြန်ဘွဲ့ယူမယ်ဆိုတဲ့ စိတ်နဲ့ ပြန်သွားမှာပါ။ သားလေးကတော့ စကားပြောတတ်တဲ့အချိန်မှာ ညီမကို မေမေဆိုတာ သိသွားပြီ။ မေမေ၊ ပါပါး၊ ဘိုးဘိုး၊ ဘွားဘွား ခေါ်တတ်နေပြီ။ Video Call လုပ်လည်း သေချာခေါ်တတ်နေပြီဆိုတော့ သေချာမှတ်မိနေပြီ။ ဒီတစ်ခါတော့ ပြန်ရင် သိပ်မလွယ်ဘူး ညီမ ခံစားရပြီ” လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။ 

Photo: YeMinLay

ယွန်းဝတီလွင်မိုးကိုတော့ အကယ်ဒမီသရုပ်ဆောင် လွင်မိုးရဲ့ သမီးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့တာကြောင့်လည်း ပရိသတ်အခိုင်အမာရရှိပြီးသား မင်းသမီးချောလေးဖြစ်ပါတယ်။ သူမကတော့ အခုဆိုရင် အသက် ၂၁ နှစ်ကျော်လာပါပြီ။ ယွန်းဝတီလွင်မိုးက ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သားလေး မောင်လွင်ထက်ကို ပိုင်ဆိုင်ထားပါပြီ။ ဇနီးမောင်နှံ နှစ်ယောက်စလုံးကတော့ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာနေထိုင်ပြီး သားလေး မောင်လွင်ထက်ကတော့ မြန်မာပြည်က အဘိုးလွင်မိုး၊ အဘွား မေသူတို့နဲ့အတူတူနေထိုင်တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က