နှလုံးအောင့်လို့တဲ့။

ဟာသသရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်တစ်ယောက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ပင်လုံဆေးရုံကြီးမှာတဲ့။

Photo : ကောင်းကျော်

လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာ ဒီနေ့(ဖေဖော်ဝါရီ၂၅ရက်)မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် (၁) နာရီခန့်က ပင်လုံ ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်ဆိုပြီး လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှုး ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“လူရွှင်တော်အသင်း(ရန်ကုန်)၏ ဥက္ကဌ ဟာသလူရွှင်တော် ဒိန်းဒေါင်သည် နှလုံးအောင့်ရောဂါကြောင့် ပင်လုံ ဆေးရုံကြီး အခန်၁၄၃၃ ၃ လွှာသို့ ယနေ့နေ့လည်၁နာရီခန့်က အရေးပေါ် ဆေးဝါးကုမှုခံနေရ ကြောင်းကြားသိရပါ၍ညီလေးဒိန်းဒေါင် အမြန်ဆုံးသက်သာပျောက်ကင်းပါစေဟု လူရွှင်တော်အသင်းသားများအားလုံးက ဆုတောင်းပေးနေကြပါသည် ချစ်ပရိတ်သတ်ကြီးလဲ ဆုတောင်း ပေးကြပါဦးနော်” ဆိုပြီး ကောင်းကျော်က ပြောထားပါတယ်။

Photo : ဒိန်းဒေါင်

ဒိန်းဒေါင်ရဲ့ သတင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြသလို ဘာမှမဖြစ်ဖို့နဲ့ အမြန်ဆုံး ပြန်ပြီး သက်သာလာစေဖို့ ဆုတောင်းနေကြပါတယ်။ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။

Photo : ဒိန်းဒေါင်

ဘာသာရေးကိုင်းရှိုင်းသလို မိခင်အပေါ်လည်း အရမ်းကို သိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။ ဒိန်းဒေါင်(Dain Daung)ဟာ မွေးနေ့ရောက်တိုင်း မိခင်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးဖြစ်သူပါ။ ဒိန်းဒေါင်အတွက်က မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲတဲ့။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။ ဒါကြောင့်လည်း ပရိသတ်တွေက သူကို အမြန်ဆုံး နေပြန်ကောင်းဖို့ ဆုတောင်းပေးနေကြပါတယ်။

Share

Loading Next Article...
က္က