X Factor သီချင်းဆိုပြိုင်ပွဲဝင် David Derrickရဲ့ လက်ရှိအခြေအနေကတော့ ဦးနှောက်သွေးကြော ပေါက်သွားတယ်လို့ အစ်မဖြစ်သူက ပြောပြလာပါတယ်။ သူ့ကို မတ်လ ၉ ရက်နေ့ မနက်ပိုင်းက အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။
Photo - David Derrick
X Factor Season 2 ရဲ့ Winner ဆုရှင် David Derrick က ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ အစ်မဖြစ်သူက ရင်ဖွင့်ပြောပြထားပါတယ်။
Photo - Luelu
David Derrick ရဲ့ လက်ရှိ အခြေအနေကတော့ ဦးနှောက်သွေးကြောပေါက်သွားပြီလို့ သိ ပါတယ်။ သူ့ရဲ့ ရောဂါအခြေအနေအရ ဆေးရုံကြီး ၃ ရုံ ပြောင်းတင်ခဲ့ရပါတယ်တဲ့။
"ဦးဏှောက်သွေးကြောပေါက်သွားတယ်။ သုခကမ္ဘာမှာ အဆင်မပြေလို့ ဝိတိုရိယမှာ ပြောင်းတင်ထားရတယ်။ခုရန်ကုန်ဆေးရုံကြီးမှာ ပြောင်းတင်ရတယ်" ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။
David Derrick ရဲ့ အခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေလည်း မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူ့ကိုတော့ X Factor သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာဖြစ်ပါတယ်။