ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကို ဒီနေ့ နေ့လည်က ပင်လုံဆေးရုံကြီးသို့ ဆေးကုသမှု ခံယူဖို့အတွက် အရေးပေါ် တင်လိုက်ရပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေပြန်သက်သာလာပြီလို့ သိရပါတယ်။
Photo : ကောင်းကျော်
လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဌ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာ ဒီနေ့ (ဖေဖော်ဝါရီ ၂၅ရက်)နေ့လည်(၁)နာရီခန့်က အရေးပေါ် ဆေးကုသမှု ခံယူလိုက်ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး စိုးရိမ်စရာမလိုတော့ဘူးလို့ လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှုး ကောင်းကျော်က ဆိုပါတယ်။
“ြပည်သူချစ်တဲ့ ဟာသလူရွှင်တော် ညီလေးဒိန်းဒေါင် အသည်း၊ အစာအိမ်၊ မှုတ်ချို ယောင်ယမ်းနေမှုကြောင့် မြောက်ဒဂုံပင်လုံဆေးရုံကြီးတွင် ဆေးကုသနေပြီးကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိတော့ပါဘူး “ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၅) ရက်နေ့က (၅)နာရီ (၃၀)မိနစ်ကျော်က ရေးသားထားပါတယ်။
Photo : ကောင်းကျော်
သရုပ်ဆောင် ဒိန်းဒေါင်အနေနဲ့ ရက်ပိုင်းလောက် ခဏအနားယူလိုက်ပါက ပြန်လည် သက်သာပျောက်ကင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဒိန်းဒေါင်ကို စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ ကောင်းကျော်က ဆက်လက်ပြောပြထားပါသေးတယ်။
“ညီလေး ဒိန်းဒေါင် ကျန်းမာရေးအတွက် စိတ်ပူပြီး ဆုတောင်းမေတ္တာပို့ သကြသော ဒိန်းဒေါင်း၏ ပရိသတ်များ၏ မေတ္တာ ဆုတောင်များ ကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးစိုးရိမ်စရာ မရှိတော့ပါကြောင့် မင်္ဂလာသတင်းလေး ပြန်လည်မျှဝေပါသည် ။ဆုတောင်းပေးကြသော ပရိသတ်များအား လည်း အထူးကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားထားပါတယ်။
Photo : ကောင်းကျော်
ဒိန်းဒေါင်ရဲ့ ကျန်းမာရေးအခြေအနေ မစိုးရိမ်ရတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေလည်း ပျော်နေကြပါတယ်။ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။