လိုအပ်တာတွေ ပြင်ဆင်နေပါပြီ။

ထက်လင်းအောင်ဟာ ဖခင်ဖြစ်သူ နေထက်လင်းရဲ့ တိုက်တွန်းမှုကြောင့် ပြည်ပမှာ ကျောင်းသွားတက်တော့မယ်လို့ ဆိုပါတယ်။ လိုအပ်တာတွေကိုလည်း ပြင်ဆင်နေပါပြီတဲ့။

Photo: ထက်လင်းအောင်



သရုပ်ဆောင် နေထက်လင်းရဲ့ သားဖြစ်သူ ထက်လင်းအောင်က ပြည်ပမှာ ကျောင်းသွားတက်ဖို့အတွက် ကြိုတင်ပြင်ဆင်နေပြီလို့ဆိုပါတယ်။ သူဟာ အလုပ်ထက် ပညာရေးကို ဦးစားပေးဦးမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော် လက်ရှိမှာတော့ ပညာရေးကိုပဲ ဦးစားပေးကြိုးစားနေပါတယ်။ ဒါပေမယ့် ကမ်းလှမ်းလာတဲ့ အနုပညာအလုပ်တွေရှိရင်တော့ ကျွန်တော် လုပ်သွားမှာပါ။ အဲဒါမလုပ်ဖြစ်ရင်တော့ ပညာရေးကို ပိုလုပ်ပါတယ်။ ပြည်ပမှာကျောင်းတက်ဖို့အတွက်လည်း လျှောက်ထားတယ်။ Visa လည်းလျှောက်ထားတယ်။ သွားဖို့အတွက်လည်းစောင့်ရတယ်။ ကျောင်းကိုလည်း ကျွန်တော်တို့ ကြည့်ရသေးတယ် ခင်ဗျ’’ လို့ သူကဆိုပါတယ်။

Photo: ထက်လင်းအောင်

ပြည်ပမှာ ကျောင်းသွားတက်ဖို့ အစီအစဉ်ကလည်း ဖခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့်လို့ ထက်လင်းအောင်က ပြောပါတယ်။

‘’တက်မှာကတော့ အနုပညာနဲ့ ပတ်သက်တာပဲ တက်မှာပါ။ အဖေကတော့ မင်းတက်ရမယ်တဲ့။ ကျွန်တော်ကတော့ ဒီမှာပဲ ကျောင်းတက်ပြီးတော့ အနုပညာအလုပ်တွေ လုပ်ချင်တာပါ။ ကျွန်တော်ကတော့ အိမ်နီးချင်း နိုင်ငံတွေမှာပဲ တက်ချင်ပါတယ်။ အဝေးကြီးတော့ မသွားချင်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: ထက်လင်းအောင်

ထက်လင်းအောင်က ပြည်ပမှာ ကျောင်းသွားတက်မှာဖြစ်တဲ့အတွက် လိုအပ်တဲ့ဘာသာစကားတွေကိုလည်း လေ့လာသင်ကြားနေတယ်လို့ ဆိုပါတယ်။

‘’ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ အင်္ဂလိပ်စာ သင်ထားတယ်။ တရုတ်စာကိုလည်း လေ့လာဖို့တော့ လုပ်နေတယ်။ တရုတ်စာကိုတော့ လုံးဝ လန့်သွားတယ်။ အင်္ဂလိပ်စာကတော့ ကျွမ်းကျွမ်းကျင်ကျင်တက်သွား ပါပြီ’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့က Aroma Wedding 2020 ပွဲကြီးကို တက်ရောက်ရင်းနဲ့ ဖြေဆိုခဲ့တာပါ။

Photo: ထက်လင်းအောင်

ထက်လင်းအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲက ရွှေကြိုမောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူကတော့ နေထက်လင်းရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖခင်ဖြစ်သူနဲ့အတူ ပွဲလမ်းသဘင်တွေ အတူတူတက်နေရပါပြီ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က