ဘိုင်ယန်က ဆာနေးကို အလေးအနက်စိတ်ဝင်စားနေတာပါ။

ဘိုင်ယန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရူးစ်က ဆာနေးအနေနဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ နှစ်ကြိမ်လောက်ပြန်စဉ်းစားသင့်တယ်လို့ ပြောဆိုသွားခဲ့ပြီး ပုံမှန်နေရာရဖို့ ခက်ခဲမယ်လို့ သတိပေးသွားခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားခံနေရပေမယ့် မန်စီးတီးမှာ ဆက်နေဖို့ တောင်ပံကစားသမား လီရွိုင်ဆာနေးကို ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်က တိုက်တွန်းလိုက်ပါတယ်။ ဘိုင်ယန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရူးစ်က ဆာနေးအနေနဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ နှစ်ကြိမ်လောက်ပြန်စဉ်းစားသင့်တယ်လို့ ပြောဆိုသွားခဲ့ပြီး ပုံမှန်နေရာရဖို့ ခက်ခဲမယ်လို့ သတိပေးသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဂနဘာရီ နဲ့ ကင်စလေကိုးမန်းတို့ ရှိနေပြီး ဆာနေးအနေနဲ့ ပုံမှန်နေရာရဖွယ်မရှိဘူးလို့ ခရူးစ်က ယူဆနေပါတယ်။ Bild ရဲ့ ဖော်ပြချက်မှာလည်း ခရူးစ်က ဆာနေးကို အဆိုပါအချက်ကို ထောက်ပြပြောဆိုခဲ့ပြီး သတိပေးစကားဆိုခဲ့တယ်လို့ သိရပါတယ်။

"ဆာနေးသာ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ဒါက ဘိုင်ယန်အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ၊ ဆာနေးအနေနဲ့ ဘိုင်ယန်မှာ ပုံမှန်ကစားခွင့်ရဖို့အတွက် အာမခံချက်တချို့တော့ ရရှိချင်ရရှိပါလိမ့်မယ်၊ ဒါပေမယ့် ဘိုင်ယန်မှာ အဲဒီနေရာအတွက် ကင်စလေကိုးမန်းနဲ့ ဆာဂျီဂနာဘာရီတို့ ရှိနေပါတယ်"

"ဒီအပြောင်းအရွှေ့က ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်၊ ဒါက ကျွန်တော့်ခံစားချက်သက်သက်ပါ၊ မန်စီးတီးဘက်ကကြည့်မယ်ဆိုရင်လည်း ဆာနေးကို အသင်းပြောင်းခွင့်ပေးမှာမဟုတ်ပါဘူး၊ ဒါမှမဟုတ် သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုမှာဖြစ်ပြီး ဘိုင်ယန်က ပေးချေနိုင်မှာမဟုတ်ပါဘူး" လို့ ခရူးစ်က ပြောခဲ့ပါတယ်။

ဆာနေးကို အသင်းပြောင်းရွှေ့လာဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းက ဂျာမနီကစားသမားတွေကလည်း မျှော်လင့်နေတယ်လို့ တိုက်စစ်မှူးလီဝန်ဒေါစကီးက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့မှာမဟုတ်ပဲ မန်စီးတီးမှာပဲ ဆက်ကစားမယ်လို့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က