ယခုရာသီကုန်မှာရောင်းချဖို့ မန်ယူက စီစဉ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့နောက်ခံကစားသမား မားကို့စ်ရိုဟိုကို ၎င်းရဲ့မွေးနေ့မှာ အသင်းဟောင်း အက်စတူဒီယန်တက်စ်အသင်းနဲ့ လေ့ကျင့်ရေးပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဟိုဟာ ချန်ပီယံလိဂ်မှာ ဗလင်စီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ပါဝင်ကစားရခြင်းမရှိသေးသူဖြစ်ပြီး ယခုရာသီမှာ ၃ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသူဖြစ်ပါတယ်။

ရိုဟိုဟာ ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှား လက်ထက်မှာလည်း ပွဲထွက်ကစားခွင့် မရရှိခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ အရန်လူစာရင်းထဲ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။ မားကို့စ်ရိုဟိုဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်ရရှိနေတဲ့အတွက် အာဂျင်တီးနားကို ရောက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ၎င်းရဲ့ပုံစံကို ထိန်းသိမ်းရာမှာအကူအညီဖြစ်စေဖို့ ယမန်နေ့က အက်စတူဒီယန်တက်စ်အသင်းနဲ့ လေ့ကျင့်ရေးပြုလုပ်မှာကို ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟိုဟာ အသက် ၁၀ နှစ်အရွယ်မှာ အက်စတူဒီယန်တက်စ်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး လူငယ်အကယ်ဒမီကနေ ပထမအသင်းအတွက် ခေါ်ယူခံခဲ့ရပြီးနောက် ၅၃ ပွဲပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို အသစ်ပြန်တည်ဆောက်ဖို့အတွက် ရိုဟိုကိုရောင်းချဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ရိုဟိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၁ ခုနှစ်အထိ အသင်းမှာရှိနေစေမယ့် စာချုပ်သစ်ကို အံ့အားသင့်ဖွယ် ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က