ဒုတိယအကျော့မှသာ ပါဝင်ကစားနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ ဒဏ်ရာကနေ အနည်းငယ် ပြန်လည်သက်သာနေပြီဖြစ်တဲ့အတွက် အပေ့ါစားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ရာသီကုန်အထိ ဆန်းချက်ဇ် အနားယူရမှာ ကြောက်ရွံ့နေပါတယ်။

ဆန်းချက်ဇ်ရဲ့ဒဏ်ရာကို စစ်ဆေးချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက ကြောက်ရွံ့နေတာဖြစ်ပြီး ဆန်းချက်ဇ်ဟာ အနည်းဆုံးနောက်ထပ် ၂ လလောက် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ အနားယူရမှာကို လက်မခံဘဲ ယမန်နေ့က ဒါမီယန်နဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေမှာ ပါဝင်ပြုလုပ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ဘာစီလိုနာနဲ့ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ ယုံကြည်နေပြီး အသင်းဟောင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားလိုနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဧပြီလ ၁၀ ရက်နေ့မှာ ဘာစီလိုနာအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ၆ ရက်အကြာမှာတော့ ဘာစီလိုနာအိမ်ကွင်း နူးကမ့်ကို ဒုတိယအကျော့အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်ဟာ ဆန်းချက်ဇ်ရဲ့ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့အတွက် စောလွန်းနေပြီး ဒုတိယအကျော့မှာသာ ပါဝင်ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နည်းပြဆိုးလ်ရှားဟာ စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ နိုင်ငံတကာပွဲစဉ်ကစားပြီး ပြန်လာတဲ့ ရက်ရှ်ဖို့ဒ်၊ မာတစ်၊ လင်ဂတ်၊ လုခ်ရှောနဲ့လူကာကူတို့ ကြံ့ခိုုင်မှုပြည့်ဝပြီး ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က