ဒလမြို့နယ်တွင်းကို အိမ်အရောက်ပို့ဆောင်ပေးပြီး ၃ ရက်တစ်ခါ စာအုပ်တွေကို လာရောက်လဲလှယ်ပေးမှာဖြစ်ပါတယ်။

ဒလမြို့နယ်ထဲမှာ စာအုပ်ဝယ်ပြီး မဖတ်နိုင်တဲ့သူတွေအတွက် အွန်လိုင်းကနေ စာအုပ်အငှားဝန်‌ဆောင်မှု လုပ်ဆောင်ဖို့ စီစဥ်လိုက်ခြင်းဖြစ်တယ်လို့ အွန်လိုင်းစာအုပ်ဆိုင်ဖွင့်လှစ်မယ့် ဒလဒေသခံတစ်ဦးက ဆိုပါတယ်။



" ဒီ(ဒလ) မှာ က စာအုပ်အငှားဆိုင်တွေမရှိဘူး။ ပြီးတော့ အခုချိန်မှာ ကလေးတွေက စာအုပ်ဖတ်ချင်တယ်၊ ဝယ်ဖို့မတတ်နိုင်ဘူးတွေ ပြောကြတယ်။ ကလေးတွေ အဆင်ပြေစေဖို့ စဥ်စားရင်း ဒီအွန်လိုင်းစာအုပ်အငှားလေးလုပ်ဖြစ်တာပါ" လို့ စာအုပ်ဆိုင်ပိုင်ရှင် မမိုးစက်ပွင့် က ပြောပါတယ်။

ဒလမြို့နယ်တွင်းကို အိမ်အရောက်ပို့ဆောင်ပေးပြီး ၃ ရက်တစ်ခါ စာအုပ်တွေကို လာရောက်လဲလှယ်ပေးမှာဖြစ်ပါတယ်။

စာအုပ်အမျိုးစားပေါ်မူတည်ပြီးတော့ တစ်ခါငှားရင် စာအုပ်တစ်အုပ်ကို ကျပ် ၃၀၀ ကနေ ၅၀၀ ထိကျသင့်မှာဖြစ်ပြီးတော့ စာအုပ်တွေကို တန်ဖိုးထားနိုင်ဖို့အတွက် စပေါ်ငွေ ကျပ် ၂၀၀၀ ပေးထားရမှာဖြစ်ပြီး စာအုပ်မငှားတော့ရင် ပြန်လည်ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။

စာအုပ်ပျက်ဆီးဆုံရှုံးတာတွေဖြစ်လာခဲ့ရင်တော့ စာအုပ်တန်ဖိုးရဲ့ နှစ်ဆကိုပြန်လည်ပေးဆောင်ရမှာပါ။

 စာအုပ် ၅၀ နဲ့ စတင်ဆောင်ရွက်မှာ ဖြစ်ပြီး သုတရသစာအုပ်တွေ ပါဝင်ကာ ဆရာမခင်ခင်ထူး၊ဆရာချစ်ဦးညို၊ တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေလည်း ပါဝင်မှာဖြစ်တယ် လို့မမိုးစက်ပွင့် က ပြောပါတယ်။

အွန်လိုင်းစာအုပ်အငှားဝန်ဆောင်မှုရယူဖို့ Daw Moe Sat Pwint နာမည် နဲ့ facebook အကောင့်ကို သွားရောက်ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က