စစ်တမ်းကောက်ယူမှုတွေအရ သိရှိရတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ကွင်းအတွင်းကနေ အိမ်ကို အစောဆုံး ထပြန်တဲ့ ပရိသတ်စာရင်းမှာ နံပါတ် (၁) နေရာက ရှိနေခဲ့ကြောင်း သိရှိရပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ ဒီလို ကိန်းဂဏန်း ထွက်လာခဲ့တာဖြစ်ပြီး ဒါက ပရိသတ်တွေရဲ့ အခက်အခဲကြောင့်လို့လည်း ဆိုပါတယ်။



ပရိသတ်တွေဟာ အိမ်အပြန်လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ဖို့ ဒါမှမဟုတ် သူတို့က ကွင်းအနေအထားကို မနှစ်သက်လို့ဆိုပြီးဖြစ်နိုင်ကြောင်း ဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဘောလုံးပရိသတ် (၁,၃၀၀) ကို ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းအရ ယူနိုက်တက်ပရိသတ်တွေက အခုလိုပဲ အိမ်ကို အစောဆုံးထပြန်မှုအများဆုံးအဖြစ် သတ်မှတ်ခံထားရတာပါ။

တစ်ဖက်မှာတော့ ယူနိုက်တက်ရဲ့ ဒုတိယပိုင်းအချိန်ပို ကစားချိန်ပမာဏကလည်း ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဒုတိယမြောက် အများဆုံးဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး အိမ်ကို စောစောထပြန်တဲ့ ပရိသတ်အရေအတွက်က ပိုမိုများပြားလာခဲ့တာဖြစ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ အချိန်ပိုအဖြစ် (၁၀) မိနစ်နဲ့ (၃၇) စက္ကန့်ပျမ်းမျှအထိ ဆက်ကစားရလေ့ရှိပြီး မန်စီးတီးကတော့ လေးမိနစ် ပိုမိုများပြားနေပါတယ်။ ဒီအချက်ကလည်း အခုလိုမျိုး စစ်တမ်းကောက်ယူမှုမှာ အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေရဲ့ အနည်းဆုံး (၂၃) ရာခိုင်နှုန်းဟာ တစ်ရာသီမှာ တစ်ပွဲလောက်တော့ အခုလိုမျိုး အိမ်ကို စောပြန်လေ့ရှိကြောင်း သိရှိရပါတယ်။

ဒီလိုမျိုး အိမ်ကို အစောဆုံးထပြန်တဲ့ ပရိသတ်စာရင်းထဲမှာ ထိပ်ဆုံးက ယူနိုက်တက်ပြီးရင် ရပ်တည်နေတဲ့အသင်းက အာဆင်နယ်ပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်စီးတီး၊ စပါး၊ ချဲလ်ဆီးတို့က အစဉ်လိုက်ရပ်တည်နေပြီး သူတို့အားလုံးရဲ့ အဓိကအကြောင်းပြချက်ကတော့ ယာဉ်ကြောပိတ်ဆို့မှုကြောင့်လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က