ဘန်လေကို အနိုင်ရခဲ့တာပါ။

အာဆင်နယ်တို့လည်း အိမ်ကွင်းမှာ တန်းတက်ဘန်လေကို အနိုင်ရဖို့ တော်တော်လေးအားထုတ်ခဲ့ရပါတယ်။ ဘန်လေရဲ့ ခံကန်အားကြောင့် အာဆင်နယ်အခက်တွေ့ခဲ့ရပြီး ခံစစ်ကို တော်တော်လေးအားပြုခဲ့တဲ့ ကွန်ပနီကို အသာရဖို့ အာတီတာတယောက် မနည်းကို ကြိုးစားသွားခဲ့ရတာပါ။ 

အာဆင်နယ်တို့ ပထမပိုင်းပြီးခါနီးမှ ထရိုဆာ့ဒ်ရဲ့ ဂိုးနဲ့ ဦးဆ​ောင်နိုင်ခဲ့တာပါ။ ဘန်လေက ခံစစ်အားပြုခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှုတွေ တော်တော်လုပ်နိုင်ခဲ့ပြီး အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ခံစစ်နဲ့ ဂိုးသမားတို့ အတွဲညီညီကစားနိုင်ခဲ့လို့သာ ခံသာခဲ့တာပါ။ 

ဒုတိယပိုင်းမှာ ဘန်လေက ချေပဂိုးပြန်သွင်းပြီး ၁-၁ ဖြစ်သွားခဲ့ပေမယ့် ဆာလီဘာက ၃ မိနစ်အကြာမှာ ချက်ချင်းဦးဆောင်ဂိုးပြန်သွင်းပေးသွားပါတယ်။ အမှားခံလို့မရတော့တဲ့ အာဆင်နယ်က ပွဲကို သေချာသတိကြီးကြီးထား ထိန်းချုပ်သွားခဲ့ပြီး ဂရုတစိုက်ကစားခဲ့လို့ ဘန်လေလည်း ဘာမှမတတ်နိုင်ဖြစ်ခဲ့ရပါတယ်။ 

ပွဲကိုထိန်းချုပ်ရင်းနဲ့ပဲ အာဆင်နယ်အတွက် ဇင်ချန်ကိုက တတိယမြောက်ဂိုးကို သွင်းပေးခဲ့ချိန်မှာတော့ အာဆင်နယ်တို့ အနိုင်ရဖို့ သေချာသွားခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရောက်ရှိခဲ့ပြီဖြစ်ပြီး စပါးထက် ရမှတ်အသာရသွားကာ အမှတ်ပေးဖလားအတွက် သူတို့က စိန်ခေါ်နိုင်စွမ်းအပြည့်ရှိနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က