ပိုချက်တီနိုရဲ့ ချယ်လ်ဆီးကတော့ ဟုတ်မလိုလိုနဲ့ ပြန်အရှူးဖျားသွားပြန်ပါတယ်။ အိမ်ကွင်းမှာပဲ ဘရန်ဖို့ဒ်ကို အရေးနိမ့်သွားခဲ့ပြီး သူတို့ရဲ့ နိုင်ပွဲဆက်မှုတွေလည်း ပြန်ရပ်တန့်သွားခဲ့ပါပြီ။ တိုက်စစ်မှူးကောင်းကောင်းမရှိတဲ့ ဒဏ်ကို ခံခဲ့ရတာဖြစ်ပြီး နီကိုလပ်ဂျက်ဆန်ကတော့ လူပိုကြီးသက်သက်ကို ဖြစ်ခဲ့ပါတယ်။
ပယ်လ်မာက မဆိုးပေမယ့် သူနဲ့ လိုက်ဖက်ညီညီတွဲဆော့မယ့် ကစားသမားမရှိခဲ့ပါဘူး။ စတာလင်က တိုးအားကောင်းတာပဲရှိကာ ဘောလုံးအပျက်များခဲ့ပါတယ်။ ပထမပိုင်းမှာ ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာကလည်း သူတို့အရေးနိမ့်ဖို့အတွက် ဖြစ်ခဲ့တာပါ။
၁-၀ နဲ့ ဦးဆောင်ခံလိုက်ရချိန်မှာလည်း ပိုချက်တီနိုက သိသာထင်ရှားတဲ့ အပြောင်းအလဲမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အိမ်ကွင်းမှာ တကယ်ကို ဘာမှပြန်မလုပ်နိုင်ခဲ့ဘဲ ငုတ်တုပ်ထိုင်ကြည့်နေခဲ့ရပြီး နောက်တခါ ထပ်အရေးနိမ့်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်မှု၊ ဂိုးပေါက်ကန်သွင်းမှုတွေမှာ သိသိသာသာ အသာစီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကလည်း နစ်နာပါတယ်။
အန်ကွန်ကူပြန်ကစားနိုင်မှပဲ ချယ်လ်ဆီးတိုက်စစ်က ပိုကောင်းလာမယ့် သဘောပါ။ ဂျက်ဆန်နဲ့ကတော့ အလုပ်မဖြစ်ခဲ့ဘဲ ဒရော့ဘာလက်သစ်လို့ တင်စားခံခဲ့ရတာတွေက အခုချိန်မှာ လှောင်ပြောင်စရာတောင် ကောင်းလာခဲ့ပါပြီ။ ဒီရှုံးပွဲဟာ ဘရန်ဖို့ဒ်ကို အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် အရေးနိမ့်မှုလည်း ဖြစ်လာခဲ့ပါတယ်။ပွဲပြီးခါနီးမှာ ဘရန်ဖို့ဒ်က နောက်တဂိုးထပ်သွင်းသွားခဲ့လို့ ချယ်လ်ဆီးတို့ ၀-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။