ရာသီဥတုက ပူလိုက်၊အေးလိုက်ဖြစ်နေခဲ့လို့ပါတဲ့။

ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ အရှက်ရဖွယ်ရာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြတူချယ်လ်က အင်္ဂလန်ရာသီဥတုကို အပြစ်တင်သွားခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ ရင့်ကျက်မှုနည်းပါးတာ၊ နိုင်ငံတကာပွဲစဉ်တွေကစားခဲ့ရတာတွေကိုလည်း သူက ထောက်ပြပြောဆိုခဲ့ကာ ရှုံးပွဲအတွက် ကာကွယ်သွားခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆီးဟာ အိမ်ကွင်းမှာပဲ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ရူဒီဂါရဲ့ ဦးဆောင်ဂိုးက အနိုင်ရဖို့အတွက် လုံလောက်ခြင်းမရှိခဲ့ပါဘူး။ ပွဲအပြီးမှာတော့ တူချယ်လ်က "ဂိုးရဖို့ ကျနော်တို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်၊ ဂိုးရပြီးနောက်မှာ ခံစစ်ကစားတာကို ရပ်တန့်ပစ်ခဲ့ပြီးတော့ ၁၀ မိနစ်အတွင်းမှာ ၃ ဂိုးအထိ ခွင့်ပြုခဲ့ပြီး ဒီပွဲကို သတ်ပစ်လိုက်ခဲ့ပါတယ်"

"ဒါက ကျနော်တို့ရဲ့အမှားပါပဲ၊ ဘာလို့လဲဆိုတာကိုတော့ ကျနော်မသိဘူး၊ ဒါပေမယ့် ခံစစ်ပိုင်းက ရင့်ကျက်မှုမရှိခဲ့ဘူး၊ အန္တရာယ်များတဲ့ အခိုက်အတန့်တွေကို သတိမထားခဲ့ဘူး၊ ဒါက ကျနော်တို့အတွက် တော်တော်လေးကို ထူးဆန်းပါတယ်၊ နိုင်ငံတကာပွဲတွေအပြီးမှာ ဒီလိုခံစားရတာက ပုံမှန်ဖြစ်နေပြီး ဒီပွဲအတွက် ကျနော်ရဲ့ မျှော်လင့်ချက်က အရမ်းမမြင့်မားခဲ့ပါဘူး"

"မနေ့ကလည်း ကျနော်တို့ လက်အိတ်တွေဝတ်ဆင်ပြီးတော့ နှင်းတွေကြားမှာ လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်၊ ပြီးတော့ ဒီနေ့က တော်တော်လေးကို ပူနေတယ်၊ ဘရန်ဖို့ဒ်လို အောက်အသင်းအဖြစ်နဲ့ ကစားရတာထက် ကျနော်တို့အတွက်တော့ အပေါ်အသင်းအဖြစ်နဲ့ ကစားရတာက ပိုခက်ခဲခဲ့ပြီး  ဘာလို့လဲဆိုတော့ ဒီပွဲအတွက် ပြင်ဆင်ဖို့ လေ့ကျင့်ခန်းက တဝက်ပဲလုပ်ခဲ့ရလို့ပါ" လို့ တူချယ်လ်က ပြောဆိုသွားခဲ့ပါတယ်။ 

ချယ်လ်ဆီးကတော့ အသင်းပိုင်ရှင်မိုဗစ်ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက်မှာ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်လိုက်ရတာလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံးပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့လို့လည်း ချီးကျူးမှုတွေရရှိခဲ့ပါသေးတယ်။ 

Share

က္က