ရှမ်းခေါက်ဆွဲကို အိမ်လုပ်မာလာနှစ်နဲ့ ချက်ထားတဲ့ ထူးထူးခြားခြားမီနူး"ရှမ်းတရုတ်" မာလာခေါက်ဆွဲကိုစားလို့ရမှာဖြစ်ပါတယ်။

"ရှမ်းတရုတ်" လို့ခေါ်တဲ့ ရှမ်းခေါက်ဆွဲကို အိမ်လုပ်မာလာနှစ်နဲ့ ချက်ထားတဲ့ ထူးထူးခြားခြားမီနူးရတဲ့ "ဖက်တီး" မာလာခေါက်ဆွဲဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ဒီဆိုင်မှာတော့ ရှမ်းခေါက်ဆွဲနဲ့ မာလာခေါက်ဆွဲကို အဓိကရောင်းပြီး အခြားမာလာအရသာ အစားအစာတွေလည်း ရပါတယ်။ မာလာခေါက်ဆွဲကို ကြိုက်နှစ်သက်ရာ ခေါက်ဆွဲခြောက်၊ အသား၊ အသားလုံးတွေ ထပ်ထည့်စားလို့ရပြီး အရသာအပေါ့အငန်ကိုလည်း စားသုံးသူစိတ်ကြိုက် ပြင်ပေးပါတယ်။



ဘယ်ဆိုင်မှာမှ မှာယူသုံးဆောင်နိုင်လို့မရတဲ့ Menu အသစ်

ဒီဆိုင်လေးရဲ့ ရရှိနိုင်တဲ့အစားအသောက်တွေထဲက Menu တစ်ခုဖြစ်တဲ့ 'ရှမ်းတရုတ်' အစားအစာဆိုရင်တော့ အိမ်မှာကိုယ်တိုင်ကိုယ်ကျ ဖန်တီးတဲ့ အိမ်လုပ် မာလာနှစ်နဲ့ ရှမ်းခေါက်ဆွဲတို့ကို ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပြီးတော့ အားပေးသူ အများပြားဆုံး အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ခေါက်ဆွဲစားပြီးတဲ့အခါ အစပ်ပြေ ဖရဲသီးကို (၃) ရက်တစ်ခါ ဘူဖေးကျွေးပါတယ်။ ရှမ်းခေါက်ဆွဲနဲ့ မာလာခေါက်ဆွဲကို အဓိကရောင်းပြီး တစ်ခွက် (၁၀၀၀) ကျပ်တန် ဆန်ချိုအေး၊ လီမွန်တီးတွေနဲ့ တွဲစားလို့လည်းရပါတယ်။

 စားသုံးတွေကို ဉီးစားပေးတဲ့ ဒီဆိုင်လေး

စားသုံးသူတွေရဲ့ လိုချင်တဲ့အရသာအတိုင်း အဆင်ပြေအောင် ဆောင်ရွက်ပေးပြီးတော့ အကယ်လို့ ချိုသည်ဖြစ်စေ၊ ငန်သည်ဖြစ်စေ အရသာကို အဆင်ပြေတဲ့အထိ ‌ဆောင်ရွက်ပေးပြီးတော့ အဆင်မပြေသည်ခဲ့ရှိသော် အသစ်တစ်ပွဲ ပြန်လည်ဖန်တီးပေးတဲ့အထိ ဝန်ဆောင်မှုကလည်း အထူးကောင်းမွန်ပါတယ်။

ဖွင့်လှစ်တာ မကြာသေးတဲ့ 'ဖက်တီး' 

ဒီဆိုင်လေးကို ဖွင့်လှစ်ထားတာဟာ (၁) နှစ်ဝန်းကျင်ပဲ ရှိသေးတာဖြစ်ပြီး စဖွင့်ခါစမှာ ဝယ်ယူ အားပေးမှု နည်းခဲ့ကြပေမယ့် တစ်ခါလာရောက် စားသုံးဖူးသူတွေက နောက်ထပ်၊ နောက်ထပ် အခါပေါင်းများစွာ ရောက်လာတတ်ကြပြီးတော့ တချို့ဆိုရင် နေ့စဉ်လာရောက် အားပေးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

 နှစ်ပေါင်း (၃၀) ကျော်လက်ဆင့်ကမ်းခဲ့တဲ့ ချက်ပြုတ်နည်း

လက်ရှိဆိုင်ကို ဉီးဆောင်နေကြတဲ့ သူတွေရဲ့ အဖေနဲ့ အမေလက်ထပ်ကတည်းက တရုတ်ရိုးရာ စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ကြတာဖြစ်သလို နောင်ချိုမြို့မှာ နှစ်ပေါင်း (၃၀) ကျော်ကြာမြင့်အောင် အားပေးခဲ့သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်မြို့မှာ စတင်ပြီး လာရောက်ဖွင့်လှစ်တဲ့အချိန်မှာလည်း အားပေးတဲ့သူတွေရှိပါ့မလား စိုးရိမ်ခဲ့ကြပေမယ့် အခုဆိုရင်တော့ အားပေးသူတွေနဲ့ ပြည့်နေတတ်တဲ့ ဆိုင်လေးတစ်ဆိုင်လည်းဖြစ်ပါတယ်။

ဆိုင်လိပ်စာ

သွားရောက် အားပေးချင်တဲ့သူတွေအတွက်ကိုတော့ လိပ်စာလေးလည်း တစ်ခါတည်း ဖော်ပြ ပေးလိုက်ချင် ပါတယ်။ လိပ်စာကတော့အမှတ် (၁၅၆)၊ မြိတ်လမ်း၊ City Mart အနီး၊ (၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်မှာပဲ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က