သမီးကိုယ်ဝန်လွယ်ထားချိန်မှာ အိမ်ထောင်ကွဲခဲ့ရာ အခုဆိုရင် သမီးလေးတောင် ၁၃ နှစ်ရှိနေပါပြီ။

သမီးလေးနဲ့ နှစ်ယောက်တည်းဘဝကို ကြိုးစားရပ်တည်နေတဲ့ သရုပ်ဆောင် အေဏီဇော်က သမီးလေးနဲ့ သူမရဲ့ဘဝအကြောင်း ပြောပြလာပါတယ်။

"ကိုယ့်ကိုကြိုက်တဲ့သူကတော့ ရှိတာပေါ့။ ဒါပေမယ့် အစ်မကတော့ အရမ်းစဉ်းစားသွားပြီ၊ ကိုယ်က ရှေ့အိမ်ထောင်မှာအထိနာခဲ့တော့ စဉ်းစားတယ်။ သမီးကလည်းရှိနေတော့။ သမီးအသက်က ၁၃နှစ်လောက်ဆိုတော့ အများကြီးစဉ်းစားရတာပေါ့။ သမီးမိန်းကလေးဖြစ်တဲ့အတွက်ကြောင့် ပိုပြီးထည့်တွက်ပြီးစဉ်းစားရတာပေါ့"ဆိုပြီး သမီးလေးကြောင့် နောက်အိမ်ထောင်မပြုဖြစ်တဲ့အကြောင်းကိုပြောပြလာပါတယ်။ 

Photo- A Ne Zaw FB

သရုပ်ဆောင် အေဏီဇော်က သမီးကိုယ်ဝန်ရှိစဉ်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့တာဖြစ်ပြီး ၁၃နှစ်အရွယ် သမီးလေးနဲ့ အတူ ဘဝကို ကြိုးစားရုန်းကန်နေသူပါ။ နောက်ထပ်အိမ်ထောင်ပြုဖို့အတွက် စဉ်းစားနေရသေးပေမယ့်လည်း သမီးဖြစ်သူက တော့ အ မေကို အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

" သမီးက အမေကို ပိုနားလည်လာတယ်။ အခုက အစ်မရဲ့အဖေလည်း ရှိနေတာကိုး၊ အရိပ်တစ်ခုလိုဖြစ်တယ်လေ။ သူလည်းပြောတယ်၊ သမီးတို့က အခု ဖိုးဖိုးရှိနေလို့ ဖိုးဖိုးသာမရှိတော့ရင် သမီးတို့နှစ်ယောက်တည်းပေါ့၊ အဲဒါကြောင့် သမီးကလည်း အစ်မကို အိမ်ထောင်ပြုဖို့တွေ ပြောလာပြီ။ သူငယ်ငယ်တုန်းကတော့ လက်မခံခဲ့ဘူး" ဆိုပြီး သမီးလေးရဲ့ သဘောထားတွေကိုပြောပြလာပါတယ်။ 

Photo- A Ne Zaw FB

သရုပ်ဆောင် အေဏီဇော်ရဲ့ သမီးလေးက အခုဆိုရင် အသက်၁၃နှစ်ရှိပြီဖြစ်ပါတယ်။ သမီးလေးက အနုပညာအလုပ်တွေကို ဝါသနာမပါဘဲ Game Streamer ဖြစ်ချင်တာလို့ သိရပါတယ်။

"သမီးကအနုပညာလုံး၀ ဝါသနာမပါဘူး။ သူကအခု Game Streamer ဖြစ်ချင်တယ်။ အဲဒါတွေလုပ်မယ်တော့ပြောတာပဲ၊ Game Streamer လုပ်မယ်၊ သီချင်းဆိုမယ်။ ဓာတ်ပုံရိုက်တာတို့ဘာတို့တော့ ဝါသနာမပါဘူး"လို့ သမီးလေးအကြောင်းကို ပြောပြလာပါတယ်။

Photo- A Ne Zaw FB

ဇာတ်ပို့သရုပ်ဆောင် အေဏီဇော်က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေဆဲဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်ထဲမှာဆိုရင်လည်း ပရိသတ်အာရုံစိုက်ခံရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Share

က္က