ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်လက်တွဲဖော်ကို အရင်က မလုပ်ဖူးတာမျိုး တစ်ခုခု လုပ်ပေးတာမျိုးကလည်း နှစ်ဦးကြားမှာ အချစ်တွေ အသစ်ပြန်ဖြစ်လာနိုင်စေပါတယ်။

Relationship တစ်ခုမှာ နှစ်တွေကြာလာလို့ အချစ်တွေပြယ်မလာရင်တောင် ချစ်စ၊ခင်စ တုန်းကလောက် ရင်ခုန်သံတွေ မမြန်တော့တာက သဘာဝပါပဲ။ အဲဒီလို နှေးကွေးလာတဲ့ ရင်ခုန်သံတွေကြောင့် တစ်ဦးနဲ့တစ်ဦးကြား ဆက်ဆံရေးတွေ အေးခဲမသွားစေဖို့အတွက် ရင်ခုန်သံတွေ ပြန်လည်လတ်ဆတ်လာစေမယ့် နည်းလမ်း (၅)ခုကို Duwun ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။



Photo : iStock

(၁) ခိုးနမ်းပါ

အိမ်ထောင်ဖက်တွေ ဖြစ်နေပြီပဲ၊ ခိုးနမ်းစရာ လိုလို့လား လို့ မတွေးလိုက်ပါနဲ့။ နှစ်ယောက်တည်း မဟုတ်ဘဲ အပြင်ရောက်နေတဲ့အချိန်၊ ဒါမှမဟုတ် အိမ်မှာဧည့်သည်တွေ ရှိနေတုန်းမှာ လူလစ်တဲ့အချိန် ခိုးပြီး အနမ်းတွေခြွေတာ၊ ဒါမှမဟုတ် ရင်ခုန်သံမြန်စေမယ့်နေရာလေးတွေကို သူများတွေ မမြင်အောင် ပွတ်သပ်တာမျိုးလေးတွေ လုပ်လိုက်ရင် နှစ်ယောက်စလုံး ချစ်စ၊ခင်စ တုန်းကလို ရင်ခုန်သံတွေ ပြန်မြန်လာတာကို ခံစားကြရမှာပါ။ အခြေအနေပေးလို့ အနမ်းတွေ ခြွေတာကနေ အဆင့်တက်မယ်ဆိုရင်လည်း ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ပူနွေးတဲ့ခံစားချက်လေးကိုပါ ပြန်ရနိုင်ပါသေးတယ်။

Photo: Media Village

(၂) အသစ် ရှာပါ

အသစ်ရှာပါ ဆိုတာ နောက်တစ်ယောက် ရှာခိုင်းတာ မဟုတ်ရပါဘူး။ နှစ်ယောက်အတူတူ မလုပ်ဖူးသေးတဲ့ ကစားနည်းတွေ အတူတူ ကစားတာ၊ မသွားဖူးသေးတဲ့ နေရာတစ်ခုခုကို သွားလည်တာ၊ မစားဖူးသေးတဲ့ ဆိုင်အသစ်တစ်ဆိုင်ဆိုင်မှာ သွားစားတာမျိုးလေးတွေ လုပ်ကြည့်ဖို့ ပြောတာပါ။ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်လက်တွဲဖော်ကို အရင်က မလုပ်ဖူးတာမျိုး တစ်ခုခု လုပ်ပေးတာမျိုးကလည်း နှစ်ဦးကြားမှာ အချစ်တွေ အသစ်ပြန်ဖြစ်လာနိုင်စေပါတယ်။ အသစ် မဟုတ်ပေမဲ့ နှစ်ယောက်တည်းအတူတူ ပထမဆုံးသွားခဲ့ဖူးတဲ့ နေရာတစ်ခုခုကို ပြန်သွားပြီး ချစ်စခန်းဖွင့်တာမျိုးကလည်း ရင်ခုန်သံတွေကို ပြန်လည်နွေးထွေးလာနိုင်စေပါသေးတယ်။

(၃) အွန်လိုင်းမှာ flirt ပါ

Messenger ကနေပဲဖြစ်ဖြစ်၊ ဖုန်းမက်ဆေ့ချ်ကနေပဲဖြစ်ဖြစ် ကိုယ့်လက်တွဲဖော်ဆီကို ရင်ခုန်သံမြန်စေမယ့် မထိတထိ စာသားလေးတွေ မထင်မှတ်ထားတဲ့အချိန်မှာ ပို့ပါ။ အသက်ရှုမှားလောက်မယ့်၊ တခြားသူတွေမြင်လို့မရတဲ့ ကိုယ့်ရဲ့ ညှို့အားပြင်း ဓါတ်ပုံလေးတွေလည်း စိတ်ပါရင် ပို့လို့ရပါတယ်။

Photo: Upsplash

(၄) ကြည်နူးစရာ အချစ်ရုပ်ရှင်လေးတွေ အတူတူကြည့်

နှစ်ယောက်လုံး နှစ်သက်မယ့် Romance ရုပ်ရှင်လေးတွေ၊ အခြေအနေပေးရင် ကလေးတွေ မကြည့်ရတဲ့ ဇာတ်ဝင်ခန်းတွေ ပါတဲ့ ရုပ်ရှင်လေးတွေ အတူတူကြည့်ပေးပါ။ ဇာတ်လမ်းထဲက အချစ်တွေ အပြင်ကို ကူးစက်လာပြီး ကိုယ်တွေရဲ့ ရင်ခုန်သံတွေပါ ပြန်လည်နွေးထွေးလာပါလိမ့်မယ်။

Photo : Lanniuzai

(၅) အိပ်ရာပြောင်းအိပ်

နေ့စဉ် အိပ်နေကျ ကိုယ့်အိမ်က အိပ်ရာမှာ မဟုတ်ဘဲ နေရာအသစ်တစ်ခုခုမှာ ပြောင်းအိပ်ကြည့်ပါ။ နှစ်ယောက်တည်း ညအိပ်ခရီးထွက်နိုင်ရင်တော့ အကောင်းဆုံးပဲ ဆိုပေမဲ့ ခရီးမထွက်နိုင်ရင်လည်း ဟိုတယ်တစ်ခုခုကို Staycation သွားတာမျိုး၊ ဒါမှမဟုတ်ရင်လည်း သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာ ညအိပ်သွားတာမျိုးလည်း ရပါတယ်။ အဓိကက နှစ်ယောက်တည်း အိပ်ရာသစ်မှာ အိပ်စက်ပြီး အရင်တုန်းက ရင်ခုန်သံတွေ ပြန်ကြားယောင်လာဖို့ပါပဲ။


Ref: Oprah Daily


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က