ရော်နယ်ဒိုတို့မိသားစုကလည်း အနီးအနားမှာပဲ နေထိုင်တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဘူဂါတ်တီကားကြီး ပြီးခဲ့တဲ့ တနင်္လာက စပိန်နိုင်ငံက အိမ်တလုံးရဲ့ဝင်ပေါက်ကို ဝင်တိုက်မိခဲ့ပြီး ကားနဲ့ ခြံဝန်းအုတ်တံတိုင်း တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။ ရော်နယ်ဒိုတို့ မိသားစုဟာ နွေရာသီအားလပ်ရက် အနားယူဖို့အတွက် စပိန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ ကားကိုမောင်းနှင်ခဲ့သူက ရော်နယ်ဒိုရဲ့ ကိုယ်ရံတော်တယောက်ပဲဖြစ်တယ်လို့ ယူဆရပါတယ်။



ဒီဖြစ်ရပ်မှာ ယာဥ်မောင်းသူက ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘဲ အခင်းဖြစ်ပွားတဲ့နေရာကလည်း ရော်နယ်ဒိုတို့ ခေတ္တခဏ အနားယူတည်းခိုနေတဲ့ အိမ်အနီးအနားမှာလို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း နစ်နာသူအိမ်ပိုင်ရှင်က နွေရာသီအားလပ်ရက်အတွက် ရော်နယ်ဒိုငှားရမ်းထားတဲ့ အဆိုပါအိမ်အထိ သွားရောက်ကာ လျော်ကြေးတောင်းခဲ့ပါတယ်။

အဲ့ဒီအတွေ့အကြုံနဲ့ ပတ်သက်လို့ အိမ်ပိုင်ရှင်က “ကျနော် တံခါးနားမှာ ခဏစောင့်ခဲ့ရပြီး အဲ့ဒီနောက် တံခါးပွင့်လာတဲ့အချိန်မှာ ကျနော်က အရမ်းကိုယဥ်ကျေးတဲ့အမျိုးသားနဲ့ အမျိုးသမီးတို့ကို တွေ့လိုက်ရပါတယ်။ သူတို့က ဘူဂါတ်တီကားကြောင့် ဖြစ်ပွားခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် သေချာပေါက် လျော်ကြေးပေးမယ်ဆိုတာကို ရော်နယ်ဒိုကိုယ်စား ကတိပေးခဲ့ပါတယ်။ ပြင်ဆင်ရမယ့်အရာတွေကို အကုန်ပြန်ပြင်ပြီး ပြေစာတွေကို သိမ်းထားဖို့မှာလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ဒီလိုမျိုး ယာဥ်တိုက်မှုဖြစ်တဲ့အချိန်မှာ သူ့အိမ်ကခွေးလေး သေဆုံးသွားမှာကို စိုးရိမ်ခဲ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပိန်မှာ အပန်းဖြေအနားယူချိန်မှာ စီးနင်းဖို့အတွက် အခု မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဘူဂါတ်တီကားအပြင် နောက်ထပ်ကားတစီးကိုလည်း စပိန်အထိ ယူဆောင်လာခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။ 

Share

က္က