တစ်ချိန်က အင်္ဂလန်အသင်းဖော် လမ်းပတ်ရဲ့ အကြောင်းတွေကို ဖာဒီနန်က ဖွင့်ချခဲ့တာပါ။

ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ ကြီးမားတဲ့အားပြိုင်မှုတွေရှိခဲ့ပေမယ့် ဒီနှစ်သင်းက ကစားသမားတွေကတော့ အင်္ဂလန်လက်ရွေးစင်မှာ အမြဲတမ်းလိုလို အဓိက,ကစားသမားတွေဖြစ်ခဲ့ကြတာပါ။ လမ်းပတ်၊ ဖာဒီနန်တို့ကလည်း ဒီအထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး ယူနိုက်တက်နဲ့ချဲလ်ဆီးတို့မှာ ကစားခဲ့သည့်တိုင် အင်္ဂလန်လက်ရွေးစင်မှာတော့ အသင်းဖော်ကောင်းတွေဖြစ်ခဲ့ကြပါတယ်။



ဒါပေမယ့်လည်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတိုင်း လမ်းပတ်နဲ့တစ်ခန်းတည်း အတူတူနေထိုင်ရလေ့ရှိတဲ့ ဖာဒီနန်ကတော့ တစ်ချိန်က လမ်းပတ်ရဲ့အကျင့်ဆိုးကြောင့် အိပ်ရေးပျက်ခဲ့ရတဲ့အကြောင်းတွေကို ဖောက်သည်ချခဲ့ပါတယ်။ ဖာဒီနန်က “ကျနော် အင်္ဂလန်မှာ အရွေးခံရတိုင်း ဖရန့်လမ်းပတ်နဲ့ အခန်းအတူတူ သုံးစွဲရလေ့ရှိပါတယ်”

“သူက အိပ်နေရင်းနဲ့ ဟောက်တာတွေ ဘာတွေမရှိဘဲ လုံးဝကို အေးဆေးနီးပါးပဲ။ ဒါပေမယ့်ဗျာ တစ်ခုပဲရှိတယ်။ သူ ညဥ့်နက်သန်းခေါင် အိမ်သာထထသွားပြီး အဲ့ဒီအချိန်မှာ အသံတွေက အရမ်းကိုကျယ်တယ်ဗျ။ တကယ်ကို ကျယ်လွန်းလို့ဗျာ... ကျနော်ဆို အမြဲတမ်း လန့်လန့်နိုးနေကျဖြစ်နေပြီဗျ။ အသံကလည်း အရှည်ကြီးနဲ့ အရမ်းကိုကျယ်လောင်လွန်းပါတယ်” လို့ လူသိရှင်ကြား ဖွင့်ဟပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဖာဒီနန်နဲ့ လမ်းပတ်တို့နှစ်ယောက်ဟာ ပရီးမီးယားလိဂ်မှာ ကစားသမားဘဝ ရှည်ကြာခဲ့ကြပြီး ဖာဒီနန်က (၁၉၉၉) ကနေ (၂၀၁၅) အထိ ဖြတ်သန်းကာ အနားယူခဲ့ပြီး လမ်းပတ်ကတော့ (၂၀၀၁) ကနေ (၂၀၁၇) အထိ ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။

နှစ်ယောက်လုံးရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကလည်း လေးစားစရာကောင်းခဲ့ပြီး လက်ရွေးစင်မှာ အောင်မြင်မှုကြီးကြီးမားမားမရရှိခဲ့သည့်တိုင် ကလပ်မှာတော့ သက်ဆိုင်ရာအသင်းတွေရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်ခဲ့တာပါ။

ဖာဒီနန်ဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၆) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်၊ လိဂ်ဖလား (၃) ကြိမ်အပါအဝင် အခြားသောဆုဖလားတွေကို ဆွတ်ခူးခဲ့ပြီး လမ်းပတ်ကတော့ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါဖလား (၁) ကြိမ်စီနဲ့ FA ဖလား (၄) ကြိမ်အပါအဝင် အခြားသောဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က