အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်း ၂ပွဲကစားထားပြီးရာတွင် နယူးကာဆယ်ကိုအနိုင်ရရှိခဲ့ သော် လည်း လီဗာပူးအသင်းကို အရေးနိမ့်ထားခဲ့တာပါ။
အိုဇေးလ်ပါဝင်လာခြင်းနဲ့အတူ အူဘာမီယန်၊ ပီပီ၊ ဆယ်ဘယ်လော့စ်တို့နဲ့လူစုံခဲ့တဲ့ အာဆင်နယ်အနေ နဲ့အကောင်းဆုံးပုံစံရှိနေခဲ့ပြီး အန်ဒရီဂါရေးလ် ကာပိုအီ၊ ဒယ်လျူဖူတို့ပါဝင်လာတဲ့ ဝက်ဖို့ဒ်အသင်းက လ ည်း ၄-၅-၁ အခြေခံပွဲထွက်လာခဲ့ပါတယ်။
ပွဲစစချင်းမှာတင် နှစ်သင်းလုံးတိုက်စစ်ကို ပီပီပြင်ပြင်ကစားနိုင်ခဲ့တဲ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဂိုး ရလုနီးပါးအခြေအနေကိုယ်စီပိုင်ဆိုင်ခဲ့ကြပါတယ်။ မဖြစ်မနေနိုင်ပွဲလိုအပ်နေခဲ့တဲ့ဝက်ဖို့ဒ်အနေနဲ့ ဝီလ် ဟုချ်၊ ဒယ်လျူဖူတို့ရဲ့ တောင်ပံတွေကို ပိုပြီးအားစိုက်ခဲ့ခြင်းနဲ့အတူ အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ ပါ တယ်။
ပွဲချိန်၂၂မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုးရရှိသွားပြီး ကိုလာစီနက်နဲ့ဖန်တီးပေးပို့မှုကို အူဘာ မီယန်က ဝက်ဖို့ဒ်နောက်တန်းတွေ လိုက်လံဖျက်ထုတ်နေတဲ့ကြားကနေ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာ ပါ။ ဂိုးပေးလိုက်ရေ ပမယ့် ဝက်ဖို့ဒ်အနေနဲ့လည်း ခံစစ်ထက် ဂိုးရဖို့အတွက်ပဲ ပိုပြီးအားစိုက်ခဲ့ပါတယ်။
တရစပ်ဆိုသလိုတိုက်စစ်ဆင်မှုတွေပြုလုပ်နေတဲ့ အာဆင်နယ်အတွက် အူဘာမီယန်ကပဲ ပွဲချိန် ၃၂မိန စ်မှာဒုတိယဦးဆောင်ဂိုးရယူပေးခဲ့ပြီးတဲ့နောက် ဝက်ဖို့ဒ်အနေနဲ့ခံစစ်ကိုပိုပြီးကျစ်လစ်အောင် အားစိုက် ကစားလာခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဝက်ဖို့ဒ်တို့ ချေပဂိုးတွေပြန်ရဖို့ တိုက်စစ်ကိုပိုပြီးပီပြင်အောင်ကစားလာခဲ့ြ ပီးအာဆ င်နယ်အသင်းကတော့ ဂိုးမပေးရဖို့အတွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရဖို့အတွက်ပဲ အားစိုက်ခဲ့ပါ တယ်။ ပွဲချိန် ၅၃မိနစ်မှာတော့ ကလေဗာလေက ဝက်ဖို့ဒ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီးတဲ့နောက် နှ စ်သင်းလုံး ဂိုးထပ်ရဖို့အတွက် အားစိုက်လာခဲ့တယ်လို့ ဆိုရမှာပါ။
ကစားအားကျနေခဲ့တဲ့ ဆယ်ဘယ်လော့စ်၊ ဂွမ်ဒိုဇူ၊ အိုဇေးလ်တို့ကို ပွဲချိန်မိနစ် ၆၀နောက်ပိုင်းမှာလူစား လဲခဲ့တဲ့ အာဆင်နယ်အနေနဲ့ ဂိုးရဖို့နီးစပ်တဲ့အခြေအနေတွေအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၈၁ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကို ပါရဲရားလ်က ဂိုးအဖြေအမှားအယွင်းမရှိပြောင်းလဲနိုင်ခဲ့တာကြောင့် အာ ဆင်နယ်တို့ လက်ကျန်ပွဲချိန်တွေကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။
နောက်ပိုင်းပွဲစဉ်တွေမှာ နှစ်သင်းလုံးဂိုးရဖို့ အားစိုက်ခဲ့ကြပေမယ့် အခွင့်အရေးအချို့လွဲချော်ခဲ့ခြင်း ၊ ခံစ စ်နဲ့ဂိုးသမားတွေ လက်စွမ်းပြနေနိုင်ခြင်းများကြောင့် ပွဲပြီးဆုံးချိန်အထိ ဂိုးထပ်မသွင်းနိုင်ခဲ့ ဘဲ ၂-၂ သရေ ရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။