ဘယ်လိုတွေ ဉာဏ်ကောင်းသွားလဲကွယ်။

ဒီနေ့က ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ စေ့စပ်တာ (၁)နှစ်တိတိပြည့်တဲ့နေ့လေးပါ။ စေ့စပ်တာ (၁)နှစ်တိတိပြည့်တဲ့နေ့လေးမှာ ခင်ပွန်းဆီက ကြားလိုက်ရတဲ့ စကားကြောင့်ပိုင်ဖြိုးသုတစ်ယောက် အံ့သြသွားခဲ့ရပါတယ်။

 

Photo : Life Photography



ပိုင်ဖြိုးသုကတော့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးမှာ ခင်ပွန်းသည်ကို မေးခွန်းတွေ သွားထုတ်ခဲ့ပါတယ်။ ဒီနေ့က သူတို့နှစ်ဦးစေ့စပ်ခဲ့တာ (၁) နှစ်တိတိပြည့်တဲ့နေ့လေးပါ။ ဒါကြောင့် ခင်ပွန်းဖြစ်သူ မှတ်မိလား မမှတ်မိဘူးလားဆိုတာကို မေးကြည့်ခဲ့ရာမှာ ဉာဏ်ကောင်းလွန်းတဲ့ ခင်ပွန်းဖြစ်သူရဲ့ အဖြေကြောင့် ပိုင်ဖြိုးသုတစ်ယောက် အံ့သြခဲ့ရပါတယ်။

Photo : Life Photography

ဦးရေခဲရေ ဒီနေ့စေ့စပ်တာ (1)နှစ်ပြည့်ပြီနော် ရှင်မေ့နေတာမလား လို့မေးတော့ ဘာပြန်ပြောတယ်မှတ်လဲ လက်ထပ်တဲ့နေ့ကမှအရေးကြီးတာလေ အဲ့နေ့ကိုမေ့မှပြဿနာရှာလို့ရမှာလေ.... ဒါကြောင့်လည်းမှတ်ရတာများရင်ရှုပ်မှာဆိုးလို့ ရည်းစားဖြစ်တဲ့နေ့နဲ့တစ်ရက်တည်းမရရအောင် မင်္ဂလာဆောင်တာလေတဲ့။ ကိုယ့်မှာတော့သူ Ro ပြီးအဲ့နေ့ကိုရအောင် plan တယ်ထင်တာ လက်စသတ်တော့ သူကကိုယ်ပြဿနာရှာလို့မရအောင် plan ချခဲ့တာကိုး။ဦးရေခဲ သိပ်ဉာဏ်ကောင်းလွန်းခဲ့တယ်” ဆိုပြီး ဇွန်လ(၂၁) ရက်နေ့က ပိုင်ဖြိုးသုက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြောထားပါတယ်။

Photo : Life Photography

ဒါရိုုက်တာ ဏကြီးရဲ့ ဉာဏ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေက ချီးကျူးစကား ဆိုထားကြပါသေးတယ်။အခုနောက်ပိုင်းမှာတော့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ စုံတွဲကိုတော့ ပွဲ အခမ်းအနားတွေမှာ အမြဲလိုလို တွေ့နေရတတ် ပါတယ်။ စုံတွဲလိုက် အတူတူပွဲတက်ရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' သု က ပွဲတတ်ရင် လူကြောက်တတ်တဲ့ Type ပေါ့နော်။ သူပါတော့ နည်းနည်းအားပိုရှိတယ်။ အရင်တုန်းကကျတော့ မေမေပါတယ် မေမေ နဲ့ ဆိုရင်လည်းပိုအားရှိပါတယ်။ မေမေမလိုက်နိုင်တဲ့ ပွဲတွေဆိုရင်တော့ သူနဲ့ အတူ တက်ဖြစ်ပါတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ က Revlon နဲ့ Lush Magazine တို့ ပူးပေါင်းကျင်းပတဲ့ Luscious Party ကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

Photo : Life Photography

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က