လှိုင်သာယာမြို့နယ်မှာ အကြွေးတောင်းရာကနေ မိန်းမချင်းစကားများရန်ဖြစ်ပြီး အကြွေးတောင်းသူ အမျိုးသမီးမှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၀ ရက် က လှိုင်သာယာမြို့နယ်၊အလယ်ကျေးရွာမှာနေတဲ့ အသက် ၄၆ နှစ်အရွယ်ရှိတဲ့ ဒေါ်ဖြူစင်(ခ) ဒေါ်ဖြူမှာ တစ်ရွာတည်းနေ အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်စန်းနွဲ့ဆီမှာ အကြွေးတောင်းရာကနေ စကားများရန်ဖြစ်ရာကနေ လုံးထွေးသတ်ပုတ်ခဲ့ကြတယ်လို့ ရဲမှတ်တမ်းက ဖော်ပြပါတယ်။
လုံးထွေးသတ်ပုတ်နေစဉ် ဒေါ်စန်းနွဲ့ရဲ့ သားဆိုသူ ဖြိုးဝေကျာ်ရောက်လာကာ ၈ လက်မလောက်ရှိတဲ့ ဓားနဲ့ ဒေါ်ဖြူစင် (ခ) ဒေါ်ဖြူကို ဝင်ထိုးခဲ့တဲ့တယ်လို့ သိရပါတယ်။ ဒေါ်ဖြူစင် (ခ) ဒေါ်ဖြူကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ရရှိခဲတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အမှုဖြစ်စဉ်ကို အရေးယူ ပေးဖို့ တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်းရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။