စီးရက်စ်နဲ့မနှစ်ကလည်း အေအက်ဖ်စီ အုပ်စုအဆင့်မှာ နှစ်ကျော့ တွေ့ဆုံထားပြီး စီးရက်စ်က ပေးဂိုးမရှိ နှစ်ကျော့စလုံး အနိုင်ယူထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းက အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲအဖြစ် မနက်ဖြန်မှာ ဖိလစ်ပိုင်ကလပ် စီးရက်စ်နီဂ ရို့စ်နဲ့ ကစားဖို့ ရှိနေပြီး အဝေးကွင်းဖြစ်လို့ ခက်ခဲမယ်လို့ နည်းပြချုပ် ဦးမင်းသူက ပွဲကြို ပြောစကားအဖြစ် ပြော ခဲ့တယ်ဆိုတာ ရှမ်းယူနိုက်တက် မီဒီယာရဲ့ ဖော်ပြပေးချက်အရ သိရပါတယ်။
ဖိလစ်ပိုင် ကလပ် စီးရက်စ်နီဂရို့စ်အသင်းအနေနဲ့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်မှာ ရန်ကုန်ယူ နိုက် တက်ကို ရှုံးခဲ့လို့ အေအက်ဖ်စီမှာ ကစားခွင့်ရလာတဲ့ အသင်းဖြစ်ပါတယ်။
“ ဆဲရက်စ်နီဂရိုုးစ်အသင်းဆိုတာ AFC ပြိုင်ပွဲမှာ အစဉ်အလာရှိတဲ့အသင်းကောင်းတစ်သင်းပါ။ မာကျောတဲ့အသင်းဖြစ်သလို အဝေးကွင်းပြိုင်ပွဲလည်းဖြစ်တာကြောင့် ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ ဒါပေမယ့် ဘောလုံုးအသင်းတစ်သင်းဆိုတာ အမြဲတမ်းကောင်းနေတဲ့အသင်းမရှိသလို အမြဲတမ်း ဆိုးနေတဲ့အသင်းဆိုတာမရှိပါဘူး။ ပြိုင်ဘက်အသင်းထက် အလုပ်ပိုလုုပ်နိုင်ရင် ရလဒ်ကောင်း ရမှာပါပဲ။ ကျနော်တိုု့ ဒီပွဲအတွက် သေချာပြင်ဆင်ပြီးမှ လာခဲ့တာပါ။ ရလဒ်ကောင်းရလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဦးမင်းသူက ပြောခဲ့တာပါ။
ဦးမင်းသူအနေနဲ့ ရှမ်း ယူနိုက်တက်အသင်းကို ဒီနှစ်မှ နည်းပြချုပ်အဖြစ် ပထမဆုံး စတင်တာဝန်ယူကိုင်တွယ် တာဖြစ်ပြီး ရာသီမစခင်ကတည်းက အေအက်ဖ်စီပွဲကို လူငယ်တွေ ဦးစားပေးမယ်လို့ ပြောထားသူ လည်း ဖြစ်ပါတယ်။
အခု တွေ့ဆုံနေတဲ့စီးရက်စ်အသင်းနဲ့လည်း မနှစ်က အေအက်ဖ်စီ အုပ်စုအဆင့်မှာပဲ နှစ်ကျော့တွေ့ဆုံထားဖူး ပြီး နှစ်ကျော့စလုံးကို စီးရက်စ်အသင်းက ပေးဂိုးမရှိ အနိုင်ယူထားနိုင်တာပါ။
စီးရက်စ်နဲ့ရှမ်းယူနိုက်တက်တို့ရဲ့ အုပ်စုအဖွင့်ပွဲကိုတော့ မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကစား သွားမှာ ဖြစ်ပြီး ဒီပွဲမတိုင်ခင် ညနေ ၃ နာရီခွဲမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ စင်ကာပူကလပ် တန်းပနီ့စ်ရိုဗာအသင်းနဲ့ ကစားပါမယ်။